“အင်စတာဂရမ်မှာ အမိုက်စားပုံရိပ်တွေနဲ့ ပရိသတ်ကိုဆွဲဆောင်ထားနိုင်တဲ့ မင်းသမီးများ”

ပရိသတ်ကြီးရေ လတ်တလော နိုင်ငံရေးအခြေအနေတွေအရ မြန်မာနိုင်ငံရဲ့ Celebrity တစ်ချို့ဟာဆိုရင် အလှပုံတွေကို အင်စတာဂရမ်မှာသာ ဖော်ပြလေ့ရှိကြပါတော့တယ်။အင်စတာဂရမ်မှာ အလှပုံရိပ်တွေတင်ကြတဲ့အထဲမှာ အမျိုးသားပရိသတ်တွေကို အမိုက်စားပုံတွေနဲ့ဆွဲဆောင်ထားနိုင်တဲ့ မင်းသမီးတွေကတော့

(၁)သင်ဇာဝင့်ကျော်
သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ဆက်စီဆန်ဆန် အလှပုံရိပ်တွေနဲ့ ဗီဒီယိုတွေကို သူမရဲ့အင်စတာဂရမ်အကောင့်မှာလတ်တလောအတွင်း ပြန်လည်တင်လာခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ လှပတဲ့ခန္ဓာကိုယ်အချိုးအစားတွေပေါ်လွင်အောင် ဝတ်စားကာ တင်ထားတဲ့ ဗစ်ကနီပုံရိပ်တွေကိုလည်း အမျိုးသားပရိသတ်တွေ များစွာအားပေးသဘောကျလျက်ရှိပါတယ်။

(၂) Mဆိုင်းလု

စူပါမော်ဒယ် တစ်ယောက်ဖြစ်တဲ့ Mဆိုင်းလူကတော့ အင်စတာဂရမ်မှာ ကမ်းခြေရောက်ဗစ်ကနီပုံရိပ်တွေနဲ့ အတူ ချစ်စရာကောင်းတဲ့ပိုစ့်အမျိုးမျိုးနဲ့ အမျိုးသားပရိသတ်တွေ အသည်းခိုက်လောက်မယ့် ပုံရိပ်တွေ တင်ထားတာတွေ့ရပါတယ်နော်။သူမရဲ့ချစ်စရာကောင်းလွန်းပြီး ဆက်စီကျနေတဲ့ ပုံရိပ်တွေကို အမျိုးသားပရိသတ်တွေတင်မကဘဲ အမျိုးသမီးပရိသတ်တွေပါ သဘောကျလျက်ရှိနေပြန်ပါသေးတယ်။

(၃ ) ရွှေအိမ်စည်
အလှမယ်တစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကတော့ ခန္ဓာကိုယ်ပြေပြစ်လှပမှုမှာ ပြောကွက်မရှိတဲ့ အလှမယ်ဆိုတာနဲ့အညီ အမိုက်စားဗစ်ကနီဝတ်စုံနဲ့ ပုံရိပ်တွေအပြင် သူမရဲ့ ဖက်ရှင်ကျကျဝတ်စားကာ နေမှုထိုင်မှုတွေကိုလည်း အင်စတာဂရမ်မှာ သူမရဲ့ပရိသတ်တွေအတွက် အမြဲတင်ပေးလျက်ရှိနေတာပါ။

ပရိသတ်ကြီးလည်း အင်စတာဂရမ်မှာ ဘယ်သူ့ကိုအားပေးနေလဲဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *