စိတ်အားငယ်နေချိန်မှာ ခွန်အားတွေပေးတဲ့ မိတ်ဆွေတွေ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြောခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

စိတ်အားငယ်နေချိန်မှာ ခွန်အားတွေပေးတဲ့ မိတ်ဆွေတွေ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြောခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

ပရိသတ်ကြီးရေပရိသတ်တွေရဲ့ကအချစ်တော် အဆိုတော် သရုပ်ဆောင်မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ ခင်ပွန်းဖြစ်သူဆုံးပါးသွားတဲ့ ကံကြမ္မာဆိုးနဲ့ တွေ့ကြုံခဲ့ရပါတယ်။

အိမ်ထောင်သက် (၄)နှစ်တာကာလပဲရှိသေးတဲ့ နန်းမြတ်အတွက် ချစ်ခင်ရတဲ့ ခင်ပွန်းဆုံးပါးသွားတာဟာ တကယ်ကို ကြေကွဲဝမ်းနည်းဖွယ်ကောင်းလွန်းလှတာတော့ အမှန်ပါ။

စိတ်ဓာတ်ခိုင်မာလှတဲ့ နန်းမြတ်ကတော့ ခင်ပွန်းဖြစ်သူဆုံးပါးသွားပေမဲ့ ကျန်ခဲ့တဲ့ သားနဲ့ သမီးရဲ့လက်ကို ဆွဲပြီး ကောင်းမွန်စွာနဲ့ရပ်တည်နေပါတယ်။

နန်းမြတ်စိတ်အားငယ်နေချိန်မှာတော့သူ့ရဲ့ချစ်ရတဲ့ သူငယ်ချင်းမိတ်တွေအပေါင်းသင်းတွေနဲ့ ပရိသတ်တွေကနန်းမြတ်အားမငယ်စေဖို့ အားပေးစကားတွေပြောမုန့်တွေပို့လက် ဆောင်တွေပို့ပေးကာနန်းမြတ်ကိုဂရုစိုက်ပေးခဲ့ကြပါသေးတယ်။

နန်းမြတ်ကလည်း အခုလို သူခင်ပွန်းဖြစ်သူဆုံးပါးသွားတာကြောင့် စိတ်အားငယ်နေချိန်မှာနည်းလမ်းအမျိုးမျိုးနဲ့ အားပေးနှစ်သိမ့်ပေးကြတဲ့သူတွေကြောင့် စိတ် သက်သာရာရပြီး စိတ်ခွန်အားတွေလည်း ရရှိခဲ့တာဖြစ်တဲ့အတွက် နှစ်သိမ့်ပေးကြတဲ့သူတွေကြောင့်နွေးထွေးရကြောင်းသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “အား လုံး ရဲ့ချစ်ခင်မှုတွေကြောင့်နွေးထွေးရပါတယ်” ကျေးဇူးတင်ကြောင်းဖော်ပြထားခဲ့ပါတယ် ပရိသတ်ကြီးရေ။

Leave a Reply

Your email address will not be published. Required fields are marked *