မိသားစု စားဝတ်နေရေးအတွက် လမ်းဘေးမှာ ဘေထုပ်အထည်လေးတွေ ရောင်းနေရရှာတဲ့ ဒါရိုက်တာ ဟိန်းစိုး

လူကြိုက် အရမ်းများခဲ့တဲ့ Mrtv 4 ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ပျားရည်အိုင် ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဟိန်းစိုးဟာ အခုဆိုရင် ဘေထုပ် အထည်ဆိုင်လေး ဖွင့်ထားပြီလို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာလေးမှာ မျှဝေ ထားတာပဲ ဖြစ်ပါတယ်။

ဒါရိုက်တာ ဟိန်းစိုးဟာ ဟစ်တိုင် အပါအဝင် နာမည်ကြီး ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်း ၈၀၀ ကျော်အထိ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး သူ နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲနာမည်က “မမှီဝဲနှင့်ကင်းအောင်နေ” ဆိုတဲ့ MRTV4ကနေ စီစဉ် ထုတ်လုပ်တဲ့ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

ဒီကာလကြီးမှာ အနုပညာရှင် အတတ် ပညာရှင်တွေ အနေနဲ့လည်း အခက်အခဲတွေ အများကြီး ရှိလာတာကြောင့်ဒါရိုက်တာကြီး ဟိန်းစိုးလည်း အခုလို ကိုယ်ပိုင် ဆိုင်လေး တစ်ဆိုင် ဖွင့်လိုက်ရတာဖြစ် ပါတယ်။

ဦးဟိန်းစိုးဟာ အရင်လတွေတုန်းကလည်း ယိုးဒယားတုတ်ထိုး အကင်ဆိုင်လေး ဖွင့်လှစ်ခဲ့ဖူးသေးတာ ဖြစ်ပြီး အခုအခါမှာတော့ ဘေထုပ်ထည်လေးတွေ ရောင်းချနေတာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါရိုက်တာကြီးဟိန်းစိုးဖွင့်ထားတဲ့ အထည်ဆိုင်လေးက တာမွေမြို့နယ်၊ ရွှေဗဟို ပလာဇာ ရှေ့က လမ်းဖြစ်တဲ့ သမ္မာဒိဌိ လမ်းထိပ်မှာ တည်ရှိတာ ဖြစ်ပါတယ်။ အထည်ဆိုင်လေးထဲမှာဆိုရင်..

၁၀၀၀ တန်လေးတွေကစလို့ ဈေး အရမ်းတန်တဲ့ အထည်လေးတွေအထိ အစားစား ရှိတာပြ ဖြစ်ပါတယ်။ အကယ်၍ လမ်းကြုံလို့ပဲဖြစ်ဖြစ် ဒါရိုက်တာကြီးဟိန်းစိုးကို ကူညီချင်လို့ပဲဖြစ်ဖြစ် သွားရောက်အားပေး ဝယ်ယူလို့ ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *