နိုင်ငံရေးမှာ ဟန်ပြသာ ပါဝင်လှုပ်ရှားခဲ့တယ်လို့ စွပ်စွဲခံနေရတာကြောင့် စိတ်ဓါတ်ကျနေတဲ့ မေကဗျာ

နိုင်ငံရေးမှာ ဟန်ပြသာပါဝင်လှုပ်ရှား ခဲ့တယ်ဆိုပြီး စွပ်စွဲခံရတာတွေကြောင့် စိတ်ဓာတ်ကျနေတဲ့ သရုပ်ဆောင် မေကဗျာ တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေမှာသာ မက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပရိသတ်အားပေးမှုတွေနဲ့အောင်မြင်ခဲ့တာကတော့ သရုပ်ဆောင်မေကဗျာပဲ ဖြစ်ပါတယ်။

သူမကတော့လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်ကထိ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးပြီး ယနေ့ချိန်ထိ ပရိသတ်အားပေးမှု က အပြည့်ရထားတာ ဖြစ်ပါတယ်။

အသက်အရွယ်တွေ ရလာပေမယ့်လည်း ယနေ့ချိန်ထိ လှနေတဲ့ သူမအလှတွေက ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါ အားကျနေရတာပါ။ ခုလို အနုပညာအလုပ်တွေ နားနေချိန်လေးမှာတော့ မေကဗျာဟာ လူမှုကွန်ရက်ကနေ Live လွှင့်ပြီးစျေးေလးရောင်းနေတာပါ။

အလှအပနဲ့ ပတ်သတ်တာလေးတွေပါ သေချာရှင်းပြ ပြီးရောင်းချတာကြောင့် အားပေးသူပရိသတ်တွေလည်း အများအပြားပါ။ သူမဟာအောင်မြင်တဲ့သူတစ်ယောက် ဖြစ်တာကြောင့် ချစ်ခင်တဲ့သူတွေ အများအပြားရှိသလို ဝေဖန်သူတစ်ချို့ကလည်းရှိနေတာပါ။

ဒီနေ့ သူမရဲ့လူမှုကွန်ရက်က စာတစ်စောင်ကြောင့် သူမပရိသတ်တွေ စိတ်ပူခဲ့ရပါတယ်။ ”တစ်ခါတလေ သာမာန်လူတစ်ယောက်ပဲ ဖြစ်ချင်တယ် ရှင်းပြလို့မရတဲ့ အရာတွေအများရှိတယ် စကားတွေအများကြီးလည်းမ ပြောချင်ဘူး စာတွေလည်းမတင်ချင်ဘူး လုပ်သင့်လုပ်အပ်တဲ့အရာတွေလည်း လုပ်ခဲ့ပါတယ် ကဗျာကြောင့်လည်း မည်သူတစ်ဦး တယောက်ကိုမှလည်း မထိခိုက်မနစ်နာစေချင်ဘူး နားလည်ပေးပါ ဆက်ချစ်ပေးပါလို့ပဲ တောင်းဆိုပါရစေ” ဆိုပြီး တင်ထားတာပါ။

Post ရဲ့ အောက်ကနေလည်း အားပေးစကားလေးတွေ ပြောရင်ကျေးဇူးတင်မိမှာပါ ဆိုတာကြောင့် ေမကဗျာကိုချစ်တဲ့ ပရိသတ်တွေလည်း အားပေးစကားတွေပြောပေးသွားကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *