သူမအာမခံချေးပေးလိုက်တဲ့သူက အကြွေးပြန်မဆပ်ဘဲ သူဌေးဂိုက်ဖမ်းနေတာမို့ အကြွေးပါ ဆပ်ပေးနေရလို့ စိတ်သောကရောက်နေတယ်ဆိုတဲ့ မင်းသမီးကြီးသိင်္ဂီထွန်း

တစ်ချိန် video ဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေခေတ်ကတည်းက အမေခန်းတွေ မှာ ပီပြင်တဲ့ကာရိုက်တာတွေကြောင့် ပရိသတ်တွေသတိထားအားပေးခဲ့တာကတော့ သရုပ်ဆောင် သိင်္ဂီထွန်း ပဲဖြစ်ပါတယ်။Video ဇာတ်ကားတိုင်း ရုပ်ရှင်ဇာတ်ကားကြီးတွေတိုင်းမှာအမြဲလိုလိုတွေ့ရတာဖြစ်ပါတယ်။

မကြာသေးခင်ကလည်း MRTV-4ဇာတ်လမ်းတွဲလေးတွေမှာပါဝင်သရုပ်ဆောင်ရတာဖြစ်ပါတယ်။သူမဟာအသက်အရွယ်လည်းရပြီဖြစ်တာကြောင့် နောက်ပိုင်းမှာ ဘုရားတရားလေးတွေနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတာပါ။

ခုမှာတော့ အနုပညာအလုပ်တွေကြိုးစားခဲ့ရင်း နစ်ခြားစီးပွားရေးတွေပါလုပ်ဖို့စီစဉ်ရင်းနဲ့ အလိမ်ခံလိုက်ရတာဖြစ်ပါတယ်။

ဒါကြောင့်သူမအလိမ်ခံရတဲ့ ဖြစ်စဉ်ကို လူမှုကွန်ရကနေပြီးတော့ “လုပ်ငန်းလုပ်ချင်လို့ပါယုံကြည်ပါဆိုပြီးသူများငွေယူပြီး၂နှစ်ပြည့်ပြီ.၎င်းတို့တစ်ဆွေတစ်မျိုးလုံးသိတယ်.အမတွေ ရဲ့ ငွေကိုပါကိုယ်ကအာမခံပေးလိုက်တာ.အစနကိုပျောက်ရော..သူများငွေတွေကိုတော့ ကျွန်မဂုဏ်သိက္ခာတန်ဖိုးထားသူမို့ ကတိတရားနဲ့နေသူမို့..ဘဏ်ကသိန်းတစ်ထောင်ကို၆၅သိန်းနှုန်းပေးထုတ်ရ.ရွှေတွေရောင်းပြီးဆပ်ပေးလိုက်ရတယ်..ချော့တယ်အောက်ကျခံတယ်.

သူတို့ကိုသူတို့တော့သူဌေးကြီးပေါ့..ကိုယ့်စည်းစိမ်တွေက သူ့လင်ကကျမလင်မို့လို့လား ကျမကိုရှာပေးထားတယ်မှတ်နေလားဘဲ…ခုတော့ လုပ်ချင်သလိုလုပ်ဆိုတော့လဲ”ဆိုပြီးရေးသားခဲ့တာပါ။

ပရိသတ်တွေလည်း လူလိမ်တွေများလာတဲ့ခေတ်မှာ ဂရုစိုက်ဖို့မှာကြားရင်းနဲ့ ငွေတွေပြန်ရဖို့ သိင်္ဂီထွန်းအတွက်ဆုတောင်းပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *