၇ ရက် သားသမီး အတွက် တစ်ပတ်စာ ဟောစာတမ်း

၇ ရက် သားသမီး အတွက် တစ်ပတ်စာ ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်း မိသားစုဝင်တစ်ဦးတစ်ယောက်ကြောင့်မိမိငွေထွက်ရတတ်ပါတယ်။လက်ကားစီးပွားလုပ်သူများမရင်းနှီးသေးတဲ့ ကုန်ပစ္စည်းတစ်ခုကို အ ရမ်းအများကြီးဝယ်မလှောင်မိပါစေနဲ့ ။ ငွေအိပ် တတ်တဲ့ကာလ မို့ပါပဲ။

အတွေးတွေထဲမှာတော့ စဉ်းစားပြီး အစီအစဉ်ဆွဲထားလို့သင့်ပေမဲ့လက်တွေ့ချလုပ်ရင်ခက်ခဲ နိုင်တဲ့ကာလ ဆိုတာကိုသိထားလိုက် စေချင်ပါတယ်။ သွားလာလှုပ်ရှားရုန်းကန်နေမှအဆင်ပြေမဲ့ကာလပါ။ ပျင်းနေ သူတွေ၊ အချိန် ဆွဲသူတွေဒုက္ခများရတတ်ပါတယ်။

ကျန်းမာရေးကတော့ကိုယ်ခံအားနည်းနေတယ်လို့မြင်တယ်။လိုအပ်တဲ့ အားဆေး တွေသောက်စေချင်တယ်။စိတ်ဓာတ်ကြံ့ခိုင်သူတွေ အတွက်ခံနိုင်ရည်ရှိပေမဲ့ မရင့်ကျက်တဲ့သူတွေ က တော့ ဘယ်လောက် လုပ်လုပ်အသိအမှတ်ပြုမခံရတာမျိုးတွေ၊

ချီးကျူးမခံရတာမျိုးတွေကြောင့် စိတ် ပျက်နေမိတတ်ပါတယ်။အလုပ်ခွင်မှာလဲ မိမိစေတနာထားပေမဲ့မျက်နှာမရသလိုဖြစ်နေပါလိမ့်မယ်။အိမ်ပြောင်း၊အိုးပြောင်း၊ ရုံးခန်းပြောင်း ဆိုတာမျိုးတော့ ဒီကာလမှာမသင့်ပါဘူး။

အချစ်ရေးမှာ မထင်မှတ်တာတွေဖြစ်လာနိုင်ပါတယ်။အိမ် ်ထောင်ရေးကံကောင်းနေတယ်လို့သုံးသပ်ချင်ပါတယ။ ပညာရေးကတော့အညံ့အဆိုးများနေချိန်မို့ အာရုံ စိုက်ဖို့ လိုပါတယ်

အကျိုးပေးဂဏန်း ၃၊၅၊၉ အထူးဟော ကံအနည်းငယ်အားနည်းနေသည်။ ယတြာ ခင်ပွန်းကြီးဆယ်ပါးကိုမျက်နှာမျက် နှာသစ်ပြီးတိုင်းရည်မှန်းရှစ်ခိုးပါ။( တစ်ပတ်လုံးလုပ်ရန်)

တနင်္လာ

ဆိုင်သစ်ဖွင့်ခြင်း၊လုပ်ငန်းသစ်စတင်ခြင်းစသော အသစ်စတင်ရမဲ့အလုပ်မှန်သမျှဒီကာလမှာရှောင်လိုက်ဖို့အလေးပေးတိုက် တွန်းလိုပါတယ်။ငွေနောက်လောဘတကြီးလိုက်လေငွေကပြေးလေပါပဲ။ လောင်းကစားသမား လက်မကြီးလိုက်ပါနဲ့။

သူဋ္ဌေးမဖြစ်ဘဲ ခွေးဖြစ်သွားနိုင်တဲ့ ကာလမို့ပါပဲ။ ဘာလုပ်လုပ်မိမိကိုယ်ကို ပြန်ဆန်းစစ်ပါ။ အတ္တအတွက် မစဉ်းစားဘဲ ပရအတွက်စဉ်းစားပြီး လုပ်သူများအထူးအဆင်ပြေနိုင်တဲ့ကာလပါပဲ။ ကျန်းမာရေးမညံ့ နိုင်ပါ။

အနေအစားဆင်းရဲရင်တော့ ကျန်းမာရေးကတော့ အားနည်းမသွားနိုင်ပါဘူး။အတွေးများနေမည်။ စိတ်ကူးများ နေမည်။ မရေရာတဲ့လမ်းကိုလျှောက်ရသလိုခံစားနေရတတ်ပါတယ်။ အခွင့်အလမ်းနှစ်ခုပေါ်လာရင် ရေတိုမှာ ခက်ခဲပေမဲ့ ရေရှည်မှာအဆင်ပြေမဲ့ကိစ္စကို ဦးစားပေးရွေးချယ်လိုက်ပါ။

ရပ်ဝေးသွားပြီး အလုပ်သွားလုပ်မယ်သူများဒီကာလမှာသွားမိတယ်ဆိုရင်တော့ချက်ချင်းအဆင်ပြေဖို့ခဲယဉ်းပါတယ်။အချစ်ရေးမှာတော့ ချစ်သူကမိမိအပေါ် သံယောဇဉ်တွေ၊ မေတ္တာတရားတွေလျော့ပါးသွားနိုင်ပါတယ်။

အိမ်ထောင်ရေးပုံမှန်ပါပဲ။ထူးခြားဖြစ်စဉ်တော့ မတွေ့ရပါ။အလုပ်ကြောင့်ခွဲနေရတတ်ပါတယ်။ပညာရေးအထူးကောင်းတယ်လို့ပြောချင်ပါတယ်။

အကျိုးပေးဂဏန်း ၄၊၈၊၆ အထူးဟော ကံအကောင်းအဆိုးမျှနေတာမျိုးတွေ့ရပါတယ်။ ယတြာ သစ္စာပန်းဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

သွားလိုတဲ့ခရီးမျိုးတွေကိုတော့ကောင်းစွာသွားခွင့်ကြုံရတတ်ပါတယ်။ခရီးတိုလေးတွေနေ့ချင်းပြန်ခရီးလေးတွေသွားရတတ်ပါတယ်။စီမံအုပ်ချုပ်သူများအောက်လက်ငယ်သားတွေကိုကောင်းစွာစည်းရုံး သိမ်းသွင်းနိုင် ပါလိမ့်မယ်။

အလုပ်ကိုစနစ်တကျလုပ်ကိုင်နိုင်တာကြောင့်အလုပ်အကြွေးတွေရှိရင် ပြီးသွားပါလိမ့်မယ်။မီးဖိုချောင်ပစ္စည်းများ၊ဆန်ဆီစတဲ့စားသောက်ကုန်များဝယ်မယ်ဆိုဒီကာလကအထူးကောင်းပါတယ်။ ကျန်းမာရေး အညံ့မရှိပါဘူး။

မိမိစိတ်ကိုယ်ကလုပ်ချင်ကိုင်ချင်စိတ်များနေတတ်ပါတယ်။ ပျင်းရိတတ်သူတောင်တတ်တတ်ကြွကြွလုပ် ကိုင်နေမိတတ်ပါတယ်။ဒါကြောင့်ကိုယ်ပိုင်အလုပ် များသိသာထင်ရှားစွာတိုးတတ်နိုင်ပါတယ်။

ဝန်ထမ်းများ အချိန် မဖြုန်းဘဲ အလုပ်အပေါ်ပဲစိတ်နှစ်လုပ်ကိုင်တာကြောင့်အများရဲ့အသိအမှတ်ပြုခြင်း၊ အထက်လူကြီးသတိထားမိခြင်းကိုခံရတတ်ပါတယ်။လုပ်ကိုင်ဆောင်ရွက်နေတဲ့ကိစ္စတွေကလဲ မိမိမစဉ်းစားဘဲလုပ်ရင်တောင်မှလမ်းမှန်ကို ရောက်တတ်ပါတယ်။

အချစ်ရေးမှာတော့စိတ်အပြောင်းအလဲမြန်တဲ့ချစ်သူကြောင့်စိတ်ညစ်ရတတ်ပါတယ်။အိမ်ထောင်ရေးကတော့ အိမ် ထောင်ဘက်ကျန်းမာရေးညံ့နေတတ်ပါတယ်။ပညာရေးအထူးကောင်းနေချိန်ပါပဲ။

အကျိုးပေးဂဏန်း ဝ၊၃၊၅ အထူးဟော အလုပ်စီးပွားကောင်းမွန်တိုးတတ်ပါလိမ့်မယ်။ ယတြာ ထမင်းသုပ်ဘုရားကပ်လှူဆုတောင်းပါ။

ဗုဒ္ဓဟူး/ရာဟု

စက်ကားမောင်းသူများယာဉ်စည်းကမ်း၊လမ်းစည်းကမ်းမလိုက်နာမှုကြောင့်အရေးယူခံရတတ်ပါတယ်။ ရွှေဝယ်ဖို့မသင့်ပေမဲ့ ရွှေရောင်းချင်တယ်ဆိုရင်တော့ဒီကာလသင့်ပါတယ်။ အလုပ်လျှောက်ထားသူများ အလုပ်ရ လွယ်ပါတယ်။

ကုန်သည်အလုပ်များ အဆင်ပြေတတ်ပါတယ်။ ကျန်းမာရေးကတော့ အညံ့သိပ်မတွေ့ပါဘူး။ဝမ်းမကောင်းသလိုတော့ဖြစ်တတ်ပါတယ်။လုပ်ချင်နေတဲ့ကိစ္စတွေကလုပ်ခွင့်မရဘဲ နှောင့်နှေးကြန့်ကြာမှုတွေဖြစ်နေ တတ်ပါတယ်။ ရှောင်လွှဲလို့မရတဲ့ လူမှုရေးကိစ္စတွေကြုံရတတ်ပါတယ်။

ကိုယ်ဝန်ဆောင်သည်များတတ်နိုင်သမျှ အသွားအလာသတိထားပါ။ ချော်လဲ တတ်လို့ပါပဲ။ ရပ်ဝေးကဧည့်ဆိုးတွေရောက်လာတတ်ပါတယ်။မိမိအတွက်အိမ်မကပ်ရသလို အလုပ်ထဲလဲစိတ်နှစ် လို့မရတာမျိုးတွေဖြစ်ရတတ်ပါတယ်။

အလုပ်မှာတော့အထက်လူကြီးကို ကလန်ကဆန်မလုပ်မိပါစေနဲ့။ တတ်နိုင် သမျှသူပြောတာကငြင်းဆန်ရမဲ့ကိစ္စဆိုရင်တောင်မှအေးဆေးပြောပြီးငြင်းဆန်လိုက်ပါ။အချစ်ရေးမှာတော့ ချစ်သူရဲ့ အားပေးစကားတွေ၊ကြင်နာမှုတွေရပါလိမ့်မယ်။

အိမ်ထောင်ရေးပိုမိုအညံ့များနေတတ် ပါတယ်။ပညာရေးအခက်အခဲများပါတယ်။

အကျိုးပေးဂဏန်း ၁၊၈၊၆ အထူးဟော စိတ်အနည်းရှုပ်ရတတ်ပါတယ်။ ယတြာ အသုပ်စုံတစ်ပွဲဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊အလုပ် မှာမိမိကငွေကိုင်လုပ်ရသူများ ငွေအပေးအယူကိစ္စတွေမှာအငြင်းပွားဖွယ်ရာကြုံရတတ်ပါတယ်။သတိထားစေချင်ပါတယ်။ခရီးသွားဖို့ကြုံပါက ယရလ၀ နဲ့စတဲ့မြို့တွေသွားရမယ်ဆိုရင်တော့ အလွန်မှအခက်အခဲများတတ်ပါတယ်။

စပ်တူလုပ်ကိုင်တဲ့အလုပ်ရှင်များ ငွေကြေးစာရင်းဇယား ကိုရှင်းလင်းစွာလုပ်ထားစေချင်ပါတယ်။ကျန်းမာရေးက တော့အညံ့ကတော့များနေတတ်ပါတယ်။ရောဂါနာမည်တပ်မရပေမဲ့တရှောင်ရှောင်ဖြစ်နေတတ်ပါတယ်။ဘာဖြစ်ချင်နေလဲ။

ဘာလုပ်ချင်နေတာလဲ ဆိုတာကိုဦးစားမပေးဘဲ လုပ်သင့်တာတွေကိုဦးစားပေးလိုက်ပါ။ဒီကာလကအချိန်ကိုကောင်းစွာစီမံခန့်ခွဲနိုင်မှတော်ကာကျပါလိမ့်မယ်။အလုပ်တွေကို မနိုင်ဝန်မဖြစ်ပါစေနဲ့။ တစ်နေ့ အလုပ်တစ်နေ့ပြီးအောင်လုပ်ပါ။

ပစ္စည်းအော်ဒါများအချိန်မှီမပို့နိုင်တာ ကြောင့်နာမည်ပျက်တတ်ပါတယ်။ အကြီးအကဲဆရာသမားတွေကျန်းမာရေးညံ့နေတတ်ပါတယ်။အချစ်ရေး ကံမြင့်မားနေပါတယ်။ချစ်သူမရှိသေးသူများလဲချစ်သူသစ်ရလွယ်နေတာကိုတွေ့ရပါတယ်။

အိမ်ထောင်ရေးလဲအညံ့အဆိုးမရှိသ လောက်နည်းပါတယ်။ပညာရေးကတော့အညံ့ဆုံးအချိန်ပါ။ရင်လောက်မှန်းမှ ဒူးလောက်တင်မဲ့ ကာလပါ။

အကျိုးပေးဂဏန်း ၂၊၇၊ဝ အထူးဟော အရာရာတွက်ဆပြီးမှလုပ်ကိုင်ဆောင်ရွက်ပါ။ယတြာ ငါးသေတ္တာဟင်းချက်ပြီး ရဟန်းသံဃာတွေကိုလောင်းလှူလိုက်ပါ။

သောကြာ

လုပ်ငန်းခွင်အတွင်းဦးဆောင်နိုင်မှု၊စီမံနိုင်မှုကြောင့်မျက်နှ ာကောင်းရတတ်ပါတယ်။ မိမိခက်ခဲမယ်ထင်လို့မလုပ်မိတဲ့အလုပ်တွေကို ပြန်လုပ်ကြည့်ပါ။လွယ်ကူနေတာတွေ့ရပါလိမ့်မယ်။ အနုပညာနှင့်နွယ်သောအလုပ်များအထူးအဆင်ပြေတယ်။

ဘဏ္ဍာရေးနဲ့ပက်သက်သောကိစ္စမှန်သမျှဆောင်ရွက်လို့ကောင်းပါတယ်။စကားတည်သူ၊လိမ်မပြောတတ်သူဆိုရင်တော့ ထူးထူးခြားခြားအဆင်ပြေတတ်ပါတယ်။ကျန်းမာရေးကောင်းပါတယ်။ ဖြစ်လဲ ကုသရလွယ်ကူတဲ့ရောဂါမျိုးလောက်ပဲဖြစ်တတ်ပါတယ်။

စိတ်တူသဘောတူမိတ်ဆွေသစ်တွေရလာတတ်ပါတယ်။ မိမိကိုယုံကြည်ပြီးစပ်တူလုပ်ဖို့ကမ်းလှမ်းသူတွေ နဲ့ကြုံနေရတတ်ပါတယ်။သွားလာလှုပ်ရှားပြီးလုပ်ကိုင်ဆောင်ရွက်သမျှကပိုမိုအ ကျိုးဖြစ်ထွန်းလိမ့်မယ်။

ဒါကြောင့်ဒီကာလမှာထလုပ်စရာရှိရင်အချိန်ဆွမနေဘဲထလုပ်လိုက်ပါ။ အတွေးကောင်းစိတ်ကူးကောင်းတွေရှိနေတတ်ပါ တယ်။ရပ်ဝေးခရီးများအဆင်ပြေချောမွေ့တတ်ပါတယ်။အေးချမ်းမှု၊စိတ်ကြည်လင်လန်းဆန်းမှုတွေရရှိလာမဲ့ကာ လပါပဲ။

အချစ်ရေးမှာချစ်သူနဲ့ အဆင်ပြေပေမဲ့ အနေဝေးနေရတတ်ပါတယ်။အိမ်ထောင်ရေးနဲ့ပက်သက်ရင်စိတ်သောကရောက်ရလိမ့်မယ်။ပညာရေးကံ အကောင်းဆုံးပါပဲ

အကျိုးပေးဂဏန်း ၁၊၃၊၆ အထူးဟော ကံမြင့်မားနေမည်။ ယတြာဘုရားဂုဏ်တော်ကိုးပါးနေ့စဉ်သက်စေ့ရွတ်ပါ။

စနေ

အလုပ်နဲ့ ပတ်သက်ပြီး အရောင်းအဝယ်ပါးနေသူများ ရောင်းပန်းဝယ်ပန်းတွေပြန်ပွင့်လာပါလိမ့်မယ်။လိုချင်နေတဲ့ငွေကြေး အကူအညီတွေလဲတောင်းလို့ကောင်းပါတယ်။သားသမီးကြောင့် အောက်လက်ငယ်သားတွေကြောင့် စိတ်ချမ်းသာ ရပါလိမ့်မယ်။

အလုပ်နဲ့ပတ်သက်ပြီးအခွင့်အလမ်းသစ်တွေပေါ်လာတတ်ပါတယ်။ကျန်းမာရေးကတော့အကောင်းဆုံးကာလပါပဲ။ ယေ ဘုယျအားဖြင့်အညံ့အဆိုးမရှိသလောက်ပါပဲ။ ဒေသသစ်နေရာသစ် ရောက်ရှိ နေသူ များထီကံ စမ်းလို့အလွန်မှသင့်တော်ပါတယ်။

အရာရာအဆင်ပြေချောမွေ့နေပါလိမ့်မယ်။စိတ်ထဲဖြစ်ချင်နေတာတွေလက် တွေ့ဖြစ်ခွင့်ရတတ်ပါတယ်။အလုပ်နဲ့ပက်သက်ပြီးတော့လဲမိမိကိုယ်တိုင်အားရကျေနပ်မှုတွေရှိပါလိမ့်မယ်။လာဘ်ရွှင်လိမ့်မယ်။ငွေအဝင်ကြမ်းမယ်။ရစရာရှိပြီးကြန့်ကြာနေတဲ့ငွေတွေပြန်ဝင်လာတတ် ပါတယ်။

သူများကြားတော့ဝင်မပါလိုက်ပါနဲ့။ သူများအကူအညီမတောင်းဘဲလောကွတ်လုပ်ပြီးသွားမကူညီလိုက်ပါနဲ့။ စေတနာက ဝေဒနာဖြစ်သွားတတ်လို့ပါပဲ။အချစ်ရေးမှာတော့ ချစ်သူသစ်၊ရည်းစားသစ်အလွန်မှရလွယ်ပါ တယ်။

စန်းလဲအလွန်ပွင့်နေတဲ့အတွက်လာရောက်ကမ်းလှမ်းတာမျိုးကြုံရတတ်တယ်။အိမ်ထောင်ရေးကံသင့်ပါတယ်။ ပညာရေးမှာလဲမိမိတို့ကြိုးစားအားထုတ်နိုင်မှအဆင်ပြေပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၂၊၄၊ဝ အထူးဟော လာဘ်ရွှင်မည်။ယတြာ နှင်းဆီ ၇ပွင့်ဘုရားကပ်လှူပါ။၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

Leave a Reply

Your email address will not be published. Required fields are marked *