အဆိုတော်ကျားပေါက်တို့ဇနီးမောင်နှံ (၁၅)နှစ်ပြည့် မဂ်လာနှစ်ပတ်လည်နေ့လေးမှာ ဆုမွန်ကောင်းတောင်းပေးလာတဲ့ အာဇာနည်

အဆိုတော်ကျားပေါက်တို့ဇနီးမောင်နှံ (၁၅)နှစ်ပြည့် မဂ်လာနှစ်ပတ်လည်နေ့လေးမှာ ဆုမွန်ကောင်းတောင်းပေးလာတဲ့ အာဇာနည်

ချစ်ပရိတ်သတ်ကြီးရေယနေ့လေးကတော့RockStar တေးသံရှင်ကျားပေါက်တို့မိသားစုလေးရဲ့မဂ်လာနှစ် ပတ်လည်နေ့လေးဖြစ်ပါတယ်၊အိမ်ထောင်သက်တမ်း(15)နှစ်ပြည့်သွားပါပြီနော်၊ကိုကျားပေါက်ကတော့ BrokenFamilyကနေခုတော့ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကိုပြန်လည်ပိုင်ဆိုင်နေပါပြီ။

ဂီတလောကရဲ့ဝါရင့်ကြယ်တစ်ပွင့်ဖြစ်တဲ့ကိုကျားပေါက်ကတော့ဂီတပေါ်မှာရူးသွပ်လွန်းခဲ့တဲ့သူ၊ချစ်မြတ် နိုးခဲ့သူလို့ဆိုရပါမယ်၊အခုဆိုအကြီးအကဲတစ်ယောက်နေရာကနေအကဲဖြတ်ဒိုင်တစ်ဦးအနေနဲ့တောင်ဖိတ် ကြားခံနေရပါပြီ၊

နောက်ထပ်အနုပညာဂီတမျိုးဆက်သစ်လေးတွေကိုလက်တွဲခေါ်ဆောင်ပေးနေတဲ့The VoiceMyanmarအစီအစဥ်ကိုသိကြမှာပါနော်၊အဲအစီအစဥ်မှာန၏မနီနီခင်ဇော်၊ကိုအာဇာနည်၊ကိုရန်ရန်ချမ်းတို့နဲ့အတူကိုကျားပေါက်ကဒိုင်အဖြစ်ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။

အနုပညာတေးဂီတညီအကိုတွေဖြစ်ကြတဲ့ကိုအာနည်ကယနေ့မှာကျရောက်တဲ့ကိုကျားပေါက်ရဲ့မဂ်လာနှစ် ပတ်လည်နေ့လေးကိုဂုဏ်ပြုပေးခဲ့ပါတယ်။

ကိုကျားပေါက်ရဲ့Socialမှာတင်ထားတဲ့ကိုကျားပေါက်တို့မိ သားစုပုံလေးအောက်မှာပျော်ရွှင်တဲ့နှစ်ပတ်လည်လေးဖြစ်ပါစေဆို့ပီးဂုဏ်ပြုပေးလိုက်တာပဲဖြစ်ပါတယ်နော်၊စိတ်တူကိုယ်တူရွေးချယ်တဲ့လမ်းလဲတူညီကြတဲ့ဂီတညီအကိုနှစ်ယောက်ပါပဲ၊ချစ်ပရိတ်သတ်ကြီးလဲကိုကျားပေါက်တို့ရဲ့မဂ်လာနှစ်ပတ်လည်နေ့လေးကိုဂုဏ်ပြုပေးသွားကြပါဦး။ဖတ်ရှု့ပေးလို့ကျေးဇူးပါ။

Leave a Reply

Your email address will not be published. Required fields are marked *