ပရိတ်သတ်တယောက်နဲ့ အချေအတင်ဖြစ်ရာမှ လူသိများတဲ့သရုပ်ဆောင်တယောက်အနေနဲ့ PUBLIC ဆိုရှယ်မီဒီယာပေါ်မှာတောင် ဟန်မဆောင်နိုင်အောင် ဆဲရေးတိုင်းထွာနေတဲ့ နေဒွေး…..

ပရိတ်သတ်တယောက်နဲ့ အချေအတင်ဖြစ်ရာမှ လူသိများတဲ့သရုပ်ဆောင်တယောက်အနေနဲ့ Public ဆိုရှယ်မီဒီယာပေါ်မှာတောင် ဟန်မဆောင်နိုင်အောင် ဆဲရေးတိုင်းထွာနေတဲ့ နေဒွေး…..

မင်းသားချောနေဒွေးကတော့ ချစ်စရာကောင်းတဲ့အပြုံးလေးနဲ့ မိန်းကလေးတွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်တဲ့ မင်းသားချော တစ်ယောက်ပဲ ဖြစ်ပါတယ်နော်..

နေဒွေးကတော့ မြန်မာဇာတ်လမ်းတွေမှာလည်း ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် သူပါဝင်တဲ့ ဇာတ်လမ်းတိုင်းကိုလည်းပရိသတ်တွေက အားပေးနေကြတာ ဖြစ်ပါတယ်နော်..

နေဒွေးကတော့ အနုပညာမှာလည်း ထူးချွန်သလို ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ အကျီနဲ့ ဂျစ်တူးဆိုတဲ့ ဆန်ကိုလည်း ရောင်းချနေတာဖြစ်ပါတယ်နော်…သူရဲ့ ကိုယ်ပိုင်တံဆိပ်ဖြစ်တဲ့ ဆန်တွေကိုလည်း အသက်အရွယ်ကြီးတဲ့သူတွေကိုပါ လိုက်ပြီးလှူဒါန်းပြုတွေပြုခဲ့ပါသေးတယ်နော်..

နေဒွေးကတော့ မိခင်အပေါ်မှာလည်း သားလိမ္မာလေးဖြစ်တဲ့အပြင် သူ့ရဲ့ချစ်သူအပေါ်မှာလည်း အရမ်းချစ်ပြီးအလိုလိုက်သူ ဖြစ်တာကြောင့် အားလုံးက အားကျနေရတာ ဖြစ်ပါတယ်နော်.. ဒီနေ့လေးမှာတော့ နေဒွေးက ကမ်းခြေမှာ ကနေတဲ့ဗီဒီယိုလေးတစ်ခုကို တင်လာခဲ့တာာ ဖြစ်ပါတယ်နော်…

သူတင်ထားတဲ့ဗီဒီယိုအောက်မှာတော့ နေဒွေးကို ဒလန်တစ်ယောက်လို့ ပြောဆိုရေးသားထားတာကြောင့်‌ နေဒွေးကလည်း ပြန်လည်ဆဲဆိုနေရာကနေ ဝေဖန်မှုတွေမြှင့်တက်လာခဲ့တာ ဖြစ်ပါတယ်နော်…နေဒွေးရဲ့ ပြန်လည်ဆဲဆိုမှုတွေကြောင့် ပရိသတ်တွေအပေါ်မှာရိုင်းစိုင်းသူကြီးလို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော နေဒွေးဆဲဆိုတာ ရိုင်းစိုင်းလား ဆိုတာ ဝေဖန်ပေးခဲ့ကြပါအုံးနော်…

Leave a Reply

Your email address will not be published. Required fields are marked *