စစ်ဘေးဒဏ်သင့် တိုင်းရင်းသားကလေးငယ်များကို ရိက္ခာနှင့်အ၀တ်အထည်တွေလှူဒါန်းပေးနေတဲ့ သရုပ်ဆောင် မင်းမော်ကွန်း

စစ်ဘေးဒဏ်သင့်တိုင်းရင်းသားကလေးငယ်များကို ရိက္ခာနှင့်အ၀တ်အထည်တွေလှူဒါန်းပေးနေတဲ့ သရုပ်ဆောင်မင်းမော်ကွန်း

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်စစ်ဘေးဒဏ်သင့်တိုင်းရင်းသားကလေးငယ်များကို ရိက္ခာနှင့်အ၀တ်အထည်တွေလှူဒါန်းပေးနေတဲ့ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ပုံရိပ်များကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်နော်။

အနုပညာသမားတွေထဲမှာအကိုရင်းတစ်ဦးလိုချစ်ခင်လေးစားရတဲ့ကိုကျော်နဲ့တိုင်းရင်းသားကျေးရွာတွေဆီအရောက်သွားပြီးရိက္ခာနှင့်အဝတ်အထည်လေးတွေအတူပေးဝေခွင့်ရခဲ့တာ ကြည်နူးမိပေမယ့်မပြည့်စုံမှုတွေနဲ့တိုင်းရင်းသားခလေးငယ်လေးတွေရဲ့မျက်ဝန်းလေးတွေကို လက်တွေ့မြေပြင်မှာမြင်တွေ့ရပြန်တော့ကျွန်တော်တို့ကိုယ်ချင်းစာစိတ်ဖြင့်အားနာမိပါတယ်။

နှစ်ပေါင်းများစွာခါးသီးလာခဲ့တဲ့တိုင်းရင်းသားဘဝတွေရဲ့ရင်ဖွင့်နာကျည်းသံကရင်နာစရာပါ၊ဘယ်နေရာရောက်ရောက်အကြမ်းဖက်စစ်ကောင်စီဖက်ဆစ်တပ်ရဲ့လူမဆန်စွာရက်ရက်စက်စက်ရိုင်းစိုင်းပြုမူခဲ့တာတွေအတွက်ဗမာလူမျိုးတွေကိုကိုယ်စားပြုပြီးကျွန်တော်တို့တောင်းပန်နေရတုန်းပဲ။


Leave a Reply

Your email address will not be published. Required fields are marked *