” ပရိတ်သတ်တွေထင်ယောင်ထင်မှားဖြစ်အောင်လုပ်တဲ့ Pageအတုကို သတိပေးစကားပြောကြားလာတဲ့ GFatt”

ပရိသတ်ကြီးရေG-Fattကတော့ ထိမိတဲ့စာသားတွေကိုသီဆိုတတ်တာကြောင့် တစ်နိုင်ငံလုံးကပရိသတ်တွေ အားပေးဝန်းရံခြင်းခံရတဲ့ အဆိုတော်တစ်ဦးဆိုတာ အမှန်ပါပဲနော်။ Gfattကိုတော့ ယောကျာ်းလေးမိန်းကလေးပရိသတ်တွေသာမက ကလေးလေးတွေကပါ သူ့ရဲ့ သီချင်းတွေကို နှစ်ခြိုက်အားပေးခဲ့ကြတာပါ။

သီချင်းသစ်တွေထွက်လာတဲ့အခါတိုင်း ပရိသတ်ရင်ထဲကိုတစ်နည်းမဟုတ်တစ်နည်းနဲ့ ပရိသတ်ရင်ထဲ ထိရှအောင် ဖန်တီးတတ်တဲ့ အဆိုရှင်တစ်ဦးဖြစ်ပြီး လူငယ်တွေလက်တွေ့ဘဝမှာ ကြုံတွေ့ရတတ်တဲ့ အချစ်ရေးပုံစံတွေကိုထိထိမိမိနဲ့ ပုံဖော်ရေးတတ်တဲ့ ဖန်တီးရှင် တေးရေးဆရာတစ်ဦးလို့ဆိုရမှာပါ။

Gfatt ကတော့လတ်တလောမှာ သူ့ရဲ့ နာမည်နဲ့Pageအတုတွေရှိကြောင်းကို ပရိသတ်တွေသိအောင်ဝေမျှခဲ့တာပါ။

“Page အတုအကြောင်း နောက်ဆုံးတင်ခြင်းပါ ။ နောက်လတွေမှာ သီချင်းအသစ်တွေထွက်ဖို့ရှိတော့ ဒီကိစ္စက အခုတည်းက ရှင်းမှရမှာမို့ပါ ။

ကျွန်တော်နဲ့ တစ်ပုံစံတည်း profile တွေထားပြီး ကျွန်တော် တင်သလိုစာတွေ တစ်ပုံစံတည်းတင်ပြီး ကျွန်တော့်ပရိတ်သတ်တွေ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တာ ကျွန်တော့်အတွက်အလွန် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ် ။ တကယ်အားပေးတယ် ဆို အခုလိုတွေ မလုပ်သင့်ပါဘူး ။

အဲ့တော့ page အတုကို ပရိတ်သတ်များ report လုပ်ပေးပါ ။ Like & Follow လုပ်ထားရင် ဖြုတ်ပေးပါ ။ ”ဆိုတဲ့ာလေးနဲ့ သူ့အတွက်စိတ်အနှောင့်အယှက်ဖြစ်စေတဲ့Pageအတုတွေကို သတိပေးစကားပြောကြားခဲ့တာပါ။ ပရိသတ်ကြီးလည်း Gfatt ရဲ့Pageအတုတွေကို Follow မလုပ်ထားကြဖို့ သတိပေးလိုက်ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *