ဘိုးဘွားများ အယောက် ၅၀ စာအတွက် ဆေးဖိုးနဲ့ တု တ်ကောက် များ လှုဒါန်းပေး ခဲ့တဲ့ ပရဟိတ မင်းသမီး ခိုင်နှင်းဝေ

ဘိုးဘွားများ အယောက် ၅၀ စာအတွက် ဆေးဖိုးနဲ့ တုတ်ကောက် များ လှုဒါန်းပေး ခဲ့တဲ့ ပရဟိတ မင်းသမီး ခိုင်နှင်းဝေ

အလှူရေစက်လက်နဲ့မကွာလို့တောင် တင်စားရလောက်သည့် ပရဟိတ မင်းသမီးခိုင်နှင်းဝေ က တော့ ဒီတစ်ခေါက် မှာလည်း ဘိုးဘွားများ အယောက် ၅၀ အတွက် တစ်ယောက်လျှင် ဆေးဖိုးအလှုငွေ ၁ သောင်းနဲ့ တုတ်ကောက်များကို ခုနှစ်ရက်သားသမီ းများနဲ့ စုပေါင်းပြီး သူကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါတယ်။

တစ်ဦးကစေတနာ တစ်ဦးကမေတ္တာဆိုသလိုပဲ ချစ်စရာကောင်းလွန်းလှတဲ့ အဖိုးအဖွားတွေကလည်း သူမကို ပြန်လည်ဆုတောင်းပေးတဲ့အတွက် သူမအနေနဲ့ ဝမ်းသာပီတိဖြစ်ရတယ်လို့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာ​ပေါ်မှာ မျှဝေလာခဲ့ပါတယ်။

သူမဟာ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို တည်ထောင်ထားပြီး ခိုကိုးရာမဲ့ ဖြစ်နေတဲ့ ကလေးလေ းတွေ ကို အဖေလိုရော အမေလိုရောပါ မေတ္တာတွေပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

ပရဟိတမင်းသမီးခိုင်နှင်းဝေဟာ မွေးရာပါရောဂါများပါရှိတဲ့မွေးကင်းစကလေးလေးတွေအတွက် လည်း ဆေးကု သစာရိတ် လှူဒါန်းပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။

သူမဟာ ပရိဟိတလုပ်ငန်းတွေကို တက်တက်ကြွကြွလုပ်ကိုင်တဲ့အပြင်ကို စားဝတ်နေရေး ခက်ခဲသူများ၊အသက်အရွယ်ကြီးပြီး အဆင်မပြေဖြစ်နေတဲ့ အဖိုးအဖွားများကိုလည်း သူမတတ်နိုင်သလောက် လှူဒါန်းပေးနေ သူတစ်ဦး လည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *