သားလေးရဲ့ (၈) လပြည့် နေ့လေးမှာ ကိုယ်တိုင် အချိန်ပေးကာ ကောင်းမှုကုသိုလ်တွေ များစွာ လိုက်လုပ်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

သားလေးရဲ့ (၈) လပြည့် နေ့လေးမှာ ကိုယ်တိုင် အချိန်ပေးကာ ကောင်းမှုကုသိုလ်တွေ များစွာ လိုက်လုပ်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

ချစ်စရာလေး မိဘမဲ့ ကလေးငယ်တွေရဲ့ ဘဝကို တတ်နိုင်သလောက် ကယ်တင်နေပြီး ဖြူစင်တဲ့ ပရဟိတ နှလုံးသာလေးကို ပိုင်ဆိုင်ထားတဲ့ ခိုင်နှင်းဝေကတော့ ဒိတ်ဒိတ်ကြဲ မင်းသမီးကြီး တစ်ယောက်ဖြစ်သလို ပရိသတ်တွေ လေးစား ချစ်ခင်နေရသူပါပဲနော်။

အခုအချိန်မှာ ဆိုရင် သူမဟာ လူမှုကူညီရေး ပရဟိတတွေ သာမက မိဘမဲ့ ကလေးလေးတွေ အတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေ အပြည့်နဲ့ နွေးထွေးစွာ စောင့်ရှောက်မှုတွေ ပေးနေခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးလေးတွေကို ကြင်နာတဲ့ နှလုံးသားအပြည့်နဲ့ မွေးစားကယ်ဆယ်ခဲ့တာဖြစ်ပါတယ် ။ ကလေးတွေရဲ့ ကိစ္စအဝဝကိုလည်း ခိုင်နှင်းဝေက တာဝန်ယူပြီး ပြုစု ပျိုးထောင်ပေးနေတာပါ ။

အားလပ်ချိန်တွေမှာလည်း ကလေးတွေကို အချိန်ပေးကာ အနားမှာနေပြီး အတူတူ ဆော့ကစားပေးရင်း ပျော်ရွှင်စရာ အချိန်လေးတွေကို ဖန်ဆီးတတ်ပါသေးတယ် ။

အခုလည်း သူမမွေးစား စောင့်ရှောက်ထားတဲ့ သားလေး မောင်ထက်ဦးမောင်ရဲ့ (၈)လပြည့်နေ့လေးမှာ ကိုယ်တိုင် ဘုရားသွားကာ ကောင်းမှု ကုသိုလ်တွေ ပြုလုပ်ပေးခဲ့ပါတယ် ။ ပုံလေးတွေနဲ့ အတူ ” စနေသားလေး မောင်ထက်ဦးမောင် (၈)လပြည့်မို့ ဘုရားသွား ကုသိုလ်ပြုခဲ့ပါတယ်ရှင်..

ခုနှစ်ရက် သားသမီးများ အားလုံးကိုလဲ မေတ္တာပို့ ဆုတောင်းပေးခဲ့ပါတယ်..ကျန်းမာ ချမ်းသာလို့ ကပ်ကြီး (၃) ပါးမှ ကျော်လွှားနိုင်ကြပါစေ..တရားထူး တရားမြတ်တွေ ရရှိနိုင်ကြပါစေရှင်” ဆိုတဲ့ စာလေးကိုရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *