သရုပ်ဆောင်ပိုင်တံခွန်အမြန်ဆုံးလွတ်မြောက်စေရန် ရည်ရွယ်ပြီး ဆေးဝါးအလှူဒါနပြုလုပ်မည့် ရန်ကုန်ဆေးဝါးတကသိုလ်မှ ကျောင်းသားကျောင်းသူများ

သရုပ်ဆောင်ပိုင်တံခွန်အမြန်ဆုံးလွတ်မြောက်စေရန်ရည်ရွယ်ပြီး ဆေးဝါးအလှူဒါနပြုလုပ်မည့်ရန်ကုန်ဆေးဝါးတကသိုလ်မှကျောင်းသားကျောင်းသူများ

သရုပ်ဆောင်ပိုင်တံခွန်ကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကရဲရဲဝံ့ဝံ့တစ်သားတည်းပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀က၊ဖြင့်မတရားအမှုဖွင့်ထားခြင်းခံခဲ့ရပြီးမတရားအဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်နော်။

အခုတစ်ခါမှာဆိုရင်တော့ရန်ကုန်ဆေးဝါးတက္ကသိုလ်မှကျောင်းသားကျောင်းသူများကသရုပ်ဆောင်ပိုင်တံခွန်အမြန်ဆုံးလွတ်မြောက်စေရန် ရည်ရွယ်ပြီးဆေးဝါးအလှူဒါနပြုလုပ်မည့်အကြောင်းကိုအခုလိုရေးသားဖော်ပြထားပါတယ်နော်။

အားလုံးပဲဒီနေ့ကျရောက်တဲ့Octoberလ၁၇ရက်နေ့ဆိုရင်ပြည်သူ့ချစ်အနုညာရှင်သရုပ်ဆောင်ကိုပိုင်တံခွန်ဖမ်းဆီးခံထားရတာဟာ၆လနဲ့၁၀ရက်အတိပြည့်သွားပါပြီ၊

ဒီကနေ့မှာတော့ဒီHealth Knowledge By Pharmacistsမှဆေး၀ါးတက္ကသိုလ်ရန်ကုန်မှကျောင်းသားကျောင်းသူလေးများကပြည်သူ့ချစ်အနုပညာရှင်သရုပ်ဆောင်ကို ပိုင်တံခွန်အမြန်ဆုံးလွတ်မြောက်စေရန်ရည်ရွယ်ပြီးတော့ဒီကနေ့တစ်ရက်လုံးကိုဆေး၀ါးအလှူဒါနအဖြစ်Onlineပေါ်မှဆေး၀ါးနဲ့ပတ်သက်ပြီးမေးမြန်းတာတွေအကုန်လုံးကိုဖြေပေးသွားမှာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ကျနော်တို့ကဆေး၀ါးတက္ကသိုလ်ရန်ကုန်မှကျောင်းပြီးသွားတဲ့စီနီယာPharmacistဆေး၀ါးပညာရှင်တွေကိုလည်းဖိတ်ခေါ်ထားတာမို့လာရောက်ကာဆွေးနွေးအကြံဥာဏ်များရယူနိုင်ပါတယ်ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *