ရေရေရာရာမသိဘဲ မနာလိုတွေဖြစ်ပြီး Boycott လုပ်ဖို့ ပြောနေကြတဲ့သူတေကို ထိထိမိမိ တုန့်ပြန်လိုက်တဲ့ နေမျိုးအောင်ရဲ့ ဇနီး

Boycott စာရင်းထဲ သူမကိုပါ ထည့်ပြောလာတာကြောင့် ဝဋ်ကြွေးတွေ ကြီးလိုက်တာလို့ စိတ်မောစွာ ဆိုလိုက်တဲ့ မင်းသားကြီး နေမျိုးအောင်ရဲ့ဇနီး မအာဗြဲစိန် တစ်ချိန်က အနုပညာလောကမှ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ သရုပ်ဆောင် နေမျိုးအောင်ကတော့ ခုမှာမိသားစုနဲ့အတူ ပျော်ရွှင်စရာ အချိန်လေးတွေကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

သူတို့မိသားစုလေးဟာ လူမှုကွန်ရက်မှာလည်း လူသိများပြီး ပရိသတ် အားပေးမှု အခိုင်အမာရရှိနေတာ ဖြစ်ပါတယ်။နေမျိုးအောင်ကတော့ အနုပညာအလုပ်တွေ နားနေချိန်မှာ ချစ်ဇနီးလေးရဲ့အလုပ်တွေကိုလည်း ဝိုင်းကူပေးနေတာပါ။

နေမျိုးအောင်ရဲ့ မိန်းမဟာ အာဗြဲစိန် facebook pageကနေပြီးတော့ ဟင်းချက်နည်းတွေ တင်ပေးလေ့ရှိပြီး ပရိသတ်တွေ အားပေးခဲ့တာကြောင့် အောင်မြင်လာခဲ့တာဖြစ်ပါတယ်။

တဖြည်းဖြည်းနဲ့ ပရိသတ်တွေအားပေးမှု များလာခဲ့တာကြောင့် ခုမှာတော့ ဟင်းလေးတွေချက်ပြီး ရောင်းချနေတာ ဖြစ်ပါတယ်။ ဟင်းချက်ရောင်းချတာ ကိုလည်း ပရိသတ်တွေက အားပေးကြပြီး အောင်မြင်လာတာကြောင့် မနာလိုတဲ့လူတစ်စုရဲ့ ဝေဖန်မှုတွေလည်း ခံခဲ့ရတာပါ။

ဒါကြောင့် လူမှုကွန်ရက်ကနေပြီးတော့ “ဟောတော့သူများ boycottအကြောင်း တင်ထားတဲ့ အောက်မှာလည်း ကိုယ်က အဆစ်ပါသေးတယ် ဝဋ်ကြွေးက ကြီးလိုက်တာ

ဪ အဲ့လူတွေတစ်နေ့ တောင်းပန်ရလိမ့်မယ် မတောင်းပန်ဘူးဆိုရင်တော့ သူတို့ကိုယ်သူတို့ အရှက်ရနေရလိမ့်မယ် တစ်နေ့နေ့ပေါ့( ပြောမယ်ဆိုလည်း နည်းနည်းတော့ စုံစမ်းဦးပေါ့လို့ အဖြူ အမဲသဲကွဲအောင် သူတို့ကြောင့် စိတ်ပြောင်းသွားတဲ့ သူတွေရှိတယ်)” ဆိုပြီး တင်ထားခဲ့တာပါ။

ပရိသတ်တွေလည်း ဝေဖန်မှုတွေခံခဲ့ရတဲ့ နေမျိုးအောင်တို့ မိသားစုကိုလည်း အားပေးစကားလေးတွေ ပြောသွားပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *