မိဘမဲ့ဂေဟာမှ ညီအစ်ကိုလေးယောက်အား တကွဲတပြားမဖြစ်စေလို၍ အဆင်မပြေသော်လည်း အကုန်လုံးကို မွေးစားခဲ့သော ဇနီးမောင်နှံနှစ်ဦး

အမေရိကန်နိုင်ငံမှ အသက်၃၀ကျော်အရွယ် ဇနီးမောင်နှံနှစ်ဦးသည် ကလေးမရနိုင်၍ မိဘမဲ့ဂေဟာသို့ သွားရောက်ကာ တစ်ယောက်လောက်ဖြစ်ဖြစ် ခေါ်ယူမွေးစားရန် စီစဥ်ခဲ့ကြသော်လည်း အခြေအနေအရ စိတ်ပြောင်းကာ ညီအစ်ကို လေးယောက်လုံးကို မွေးစားပစ်ခဲ့သည်။

မိဘမဲ့ဂေဟာတွင် ပေါ်တူဂီလူမျိုးဖြစ်သော ညီအစ်ကိုလေးယောက်သည် မိဘရင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံရကာ သူတို့ဇနီးမောင်နှံနှစ်ဦးသည် ကလေးတွေကို မြင်ပြီး သနားလွန်း၍ မျက်ရည်တွေပါကျခဲ့ရသည်။

ထို့နောက် ဇနီးမောင်နှံနှစ်ဦးသည် ညီအစ်ကိုလေးယောက်ထဲမှ တစ်ယောက်ကိုသာ မွေးစားလိုက်ပါက တကွဲတပြားဖြစ်သွားမည်ကို မလိုလား၍ လေးယောက်ကိုခေါ်ယူကာ ခက်ခဲသည့်ကြားက မွေးစားခဲ့သည်။

သူတို့ဇနီးမောင်နှံသည် ယခုအခါ ချစ်စဖွယ် ကလေး၄ယောက်နှင့်အတူ သာယာပျော်ရွှင်ဖွယ်ကောင်းသော မိသားစုကမ္ဘာလေးကို ဖြတ်သန်းလျက်ရှိသည်။




သူတို့ဇနီးမောင်နှံသည် ယခုအခါ ချစ်စဖွယ် ကလေး၎ယောက်နှင့်အတူ သာယာပျော်ရွှင်ဖွယ်ကောင်းသော မိသားစုကမ္ဘာလေးကို ဖြတ်သန်းလျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *