စစ်ကိုင်းတောင် ဆွမ်းဦး ပုညရှင် စေတီ၏ အံ့ဖွယ် ထူးခြားချက် (၁၄) ပါး

စစ်ကိုင်းတောင် ဆွမ်းဦး ပုညရှင် စေတီ၏ အံ့ဖွယ် ထူးခြားချက် (၁၄) ပါး

၁ ။ ဘုရားပွဲတော် ကျင်းပတိုင်း ပရိတ်သတ်မည်မျှပင်လာရောက်ကြသူ များ ပြားစေကာမူ စေတီရင်ပြင်သည် အမြဲဝင်ဆန့် ကျယ်ဝန်းနေခြင်း ။

၂ ။ စစ်ကိုင်းတောင်ရိုး ဝါတွင်း ဘုရားပွဲစဉ် ( ၁၄ )ပွဲတွင်ဝါဆိုလပြည့်နေ့၌ ဆွမ်းဦးပုညရှင်စေတီကိုစတင်ဆင်ယင်ပြု လုပ်ရခြင်း ။

ထိုသို့မဟုတ်လျှင်စီစဉ်သူများအား တစ် ခုခုထူးခြားချက်များ အသိပေးခံရခြင်း ။ (ဆွမ်းပွဲများဦးစွာဆက်ကပ်လှူရသော ကြောင့် ဆွမ်းဦးပုညရှင်ဟု ခေါ်ကြောင်း သိရသည် ) ။

၃ ။ စစ်ကိုင်းတောင်ရိုး တဝိုက်၌ မိုးရာသီအစတွင် ဖြစ်စေ ၊အခါမဲ့ မိုးရွာသွန်းခါနီးတွင် ဖြစ်စေ ၊ပုညရှင်စေတီ၏ အောက်အတွင်းမှ ကျောက်ငဖားအော်သံကို လှိုဏ်ထ၍အမြဲကြားရခြင်း ။

၄ ။ ပုညရှင်စေတီ ကျောင်း ၊ ကန် ၊ ဘုရား ရည်စူး၍ လှူဒါန်းရန် အဓိဋ္ဌာန်ပြု ငွေစုသောအခါမမျှော်လင့်သောနေရာမှ ငွေ ကြေးများ ဝင်လာတတ်ခြင်း ။

၅ ။မြေငလျင်လှူပ်ခါနီးတွင်ဖြစ်စေ ၊ ဘု ရားပြိုပျက်ခါနီးတွင် ဖြစ်စေ ၊ကျောင်း ၊ ကန် ၊ တန်ဆောင်းများမီးဘေးသင့်ခါနီးတွင်ဖြစ်စေ ၊ ၃ –ညတိုင်တိုင်ကျီးပြို ခြင်း

ကျီးပြိုပြီး နောက်တစ်နေ့ နံနက်၌ ကျီးများ ထူးကဲစွာ စေတီတော်လုံးပြည့် လာရောက် နားခိုကြသဖြင့် မည်းနက် သွားအောင်စေတီတော်ကို ဖုံးလွှမ်းထားခြင်း ။

၆ ။ လပြည့်ပြီးအရုဏ်တက် သည်နှင့် လူတို့ထက်ဦးစွာ နတ်များ ဆွမ်းဦးကပ်လှူပြီး ဖြစ်နေလေ့ရှိခြင်း ၊ဆွမ်းဦးကပ်လှူပြီးသည်နှင့်သိုက်မောင်းထုသံကိုးချက် တိတိ ကြားရခြင်း ။

၇ ။မင်းပြစ် မင်းဒဏ်သင့် သူများ နဝင်္ဂသီလေဆာက်တည်၍ပုညရှင်စေတီတွင် အ ဓိဋ္ဌာန်ကိုးရက် ဝင်လျှင် မင်းပြစ် မင်းဒဏ်မှ လွတ်မြောက်ခြင်း ။

၈ ။ သင်္ဘောသားများ ပင်လယ်ရပ်ခြား ရေကြောင်းအမှုထမ်းမသွားမီ သွားရောက်ဖူးမျှော် ရှိခိုးပူဇော်သော်ဥပစ္ဆေကကံမှ ကင်းလွတ်ခြင်း ။

၉ ။ မင်းမှုထမ်းများ လပြည့်ကျော်သုံးရက် အရုဏ်တက်ချိန်တွင် ဆွမ်း၊ ပန်း ၊ ရေချမ်း ၊ ဆီမီးတို့ဖြင့် မွေးနေ့ မွေးနံမှ ဆက်ကပ်လှူဒါန်းပါလျှင် မင်းချီးမြင့် မြောက်စားခံရခြင်း ။

၁၀ ။ ဘုရားရှင်ကိုယ်တော်မြတ်၏မျက်ကွင်းတော်ဓာတ် တန်ခိုးတေဇော် အာနုဘော်တော်အားကြောင့် ရက်ရှည်ဥပုသ်ဝင်လာလျှင် မနောအမြင် မနောအသိရခြင်း ၊ စက္ခု အမြင် စက္ခု အသိ ထူးကဲလာခြင်း ။

၁၁ ။တိုင်းပြည်မြို့ရွာပျက်ခြင်း ၊ ဘာသာ သာသနာဘေးဒုက္ခအန္တရာယ်ကြုံ ခြင်း ၊မင်းပြောင်းမင်းလွဲဖြစ်ခြင်း စသော ကိစ္စများပေါ်ပေါက်လာသော်ကြိုတင်၍စေတီတော်မှနီရဲညိုမောင်းသော

ရောင်ခြည်တော် ကွန့်မြူးပြာဋိဟာထူး၍ ပြခြင်း ။(သာဓကအားဖြင့် ပင်းယစစ်ကိုင်းပျက်ခါနီးတွင်တစ်ကြိမ် ၊သိုဟန်ဘွားသာသနာဖျက်ခါနီးတွင်တစ်ကြိမ်)။

၁၂ ။မင်းသက်ကုန်ခါနီးတွင်ဖြစ်စေ ၊ မင်း ဆက်ပြတ်ခါနီး၌ ဖြစ်စေ ၊ပုညရှင်စေတီတော်ရှိ တနင်္ဂနွေဂြိုဟ်တိုင်မှ စ၍ ဂြိုဟ်ကြီးရှစ်ခွင်အစဉ်အတိုင်းဆွမ်း ပန်း ရေ ချမ်းတင်၍

အဓိဋ္ဌာန်ဝင်ကာတနင်္ဂနွေဂြိုဟ်တိုင်တွင် မွန်းမတည့်မီပြန်ဝင်ရခြင်းဖြင့် ပြန်လည်၍အောင်လံထူ ရွှေထီးကိုင်နိုင်ခြင်း

၁၃ ။ ထူးခြားသောပုဂ္ဂိုလ်ထူး ပုဂဂိုလ်မြတ် ၊သံဃာထူး သံဃာမြတ်များ စခန်းဝင် ပြီးမြောက်ခါနီး၌ ကျောက်ငဖား ကိုးချက် အော်သံကြား၍သိုက်မောင်းထုသံ ကိုးချက်ကြားရပြီးနောက် အခါမဲ့ မိုးကြီးရွာခြင်း ။

၁၄ ။ စစ်ကိုင်းတောင်ရိုး ငဖားတောင်မှ ပညာရှင် သိဒ္ဓိရှင် သာသနာပြုပုဂ္ဂိုလ်များသမထစခန်းအောင်မြင် ထွက်ရာလမ်းစဉ်ပြီးမြောက်၍ ခရီးပေါက်သောအခါ၌၎င်း ၊

ဝိပဿ နာပြီးမြောက်မဂ်ခေမာလမ်း ကြွလှမ်းသွားရောက်သောအခါ၌၎င်း ၊ ဖြူဖွေးတောက်ပသည့် ရောင်ခြည်တော်ကွန့်မြူ း တန်ခိုးတော်ထူးခြားစွာ ထီးတော်မှ ပြသခြင်း ။

ကျွန်တော်တို့ ငယ်ငယ်ကစစ်ကိုင်းတံ တားကြီးပေါ်ကို ကားနဲ့ဲဖြတ်ခဲ့ ရတဲ့ အချိန်တိုင်းတံတားပေါ် ကမြင်ရတဲ့ စစ်ကိုင်းတောင်အလှ၊ ဧရာကမ်းခြေနဲ့ တောင်ပေါ်ကဘုရား စေတီရှုခင်းအလှတွေဟာကြည့်လို့မဝအောင် စွဲစွဲလန်းလန်း ဖြစ်ခဲ့ရပါ တယ်

ဒီလိုမြင်ကွင်းမျိုး ကလည်း အဲဒီ အချိန်ကာလတုန်းက ဘယ်နေရာမှ မရှိခဲ့သလို ဧရာဝတီမြစ်ကူးတံတား ဆိုတာကလည်း ဒီတစ်စင်းပဲ ရှိခဲ့ဲတာမို့လား။

Leave a Reply

Your email address will not be published. Required fields are marked *