မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ထန်တလန်မြို့လေးအတွက် ကူညီလှူဒါန်းပေးမယ့်အလှူရှင်တွေကို အကြံပြု ပြောပြလာခဲ့တဲ့ မအေးသောင်း

မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ထန်တလန်မြို့လေးအတွက် ကူညီလှူဒါန်းပေးမယ့်အလှူရှင်တွေကို အကြံပြု ပြောပြလာခဲ့တဲ့ မအေးသောင်း

အောက်တိုဘာ (၂၉) ရက်နေ့က တိုက်ပွဲကြောင့် တစ်မြို့လုံးနီးပါး စစ်ရှောင်နေရတဲ့ထန်တလန်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ကြွေကွဲစရာ ရုပ်ပုံတွေကတော့ ပြည်သူတွေရင်ထဲအထိ ရိုက်ခတ်စေခဲ့ပါတယ်။

လူနေအိမ်(၁၀၀)ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ထန်တလန်ပြည်သူတွေကို ကူညီထောက်ပံ့လှူဒါန်းပေးဖို့အတွက်လည်း ပြည်သူတွေအပြင် အနုပညာရှင်တွေလည်း ကြိုးစားဆောင်ရွက်နေကြတာ တွေ့လာရပါတယ်။

ဒီလိုလှူဒါန်းပေးဖို့ ကြိုးစားနေတဲ့ သူတွေထဲမှာသရုပ်ဆောင် အေးဝတ်ရည်သောင်းလည်း ပါဝင်တာ တွေ့ရပါတယ်။ အေးဝတ်ရည်သောင်းဟာဖေဖော်ဝါရီလ (၁) ရက်နေ့ကစပြီး ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေမှာ လက်ရှိအချိန် ပြည်သူတွေနဲ့ အတူ တစ်သားတည်းရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

လတ်တလော ဖြစ်ပွားခဲ့တဲ့ ထန်တလန်ရဲ့ ဖြစ်ရပ်လေးမှာလည်း မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ကူညီလှူဒါန်းပေးမည့် အလှူရှင်များကို သူမက အကြံပြုပြောပြလာတာ တွေ့ရပါတယ်။

အေးဝတ်ရည်သောင်းဟာ ထန်တလန်မြို့လေးအတွက်သူမအလှူလေးကိုထိရောက်ချင်လှူဒါန်းမယ့်ငွေအားသက်သက်ဖယ် ထားပြီးတကယ်ထူထောင်ချိန်ကျ သေ ချာထိထိ ရောက်ရောက်လှူမှာသွားလို့လည်းသိရပါတယ်။

ဒါ့အပြင် ထန်တလန်မြို့ဟာအတော်လေးကို ပြန်လည် ထူ ထောင်ရမှာဖြစ်လို့လှူဒါန်းပေးမည့် အ ခြားအလှူရှင်တွေကိုလည်း အေးဝတ်ရည်သောင်းက အချိန်အခါလေးစောင့်ဆိုင်းပြီးမှ လှူဒါန်းပေးစေချင်တဲ့ အကြောင်းလေးပါ အကြံပြုပြောလာခဲ့တာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *