မနေ့က MRTV ရုပ်သံလိုင်းမှာကျင်းပခဲ့တဲ့ ” မြူးကြွလှပ ရောင်စုံည”ဆိုတဲ့ပွဲနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အားမနာတမ်းဝေဖန်လိုက်တဲ့ တေးရေးဆရာအောင်နိုင်ဆန်း

ပရိတ်သတ်ကြီးရေ….မနေ့က MRTV ရုပ်သံလိုင်းကနေကျင်းပခဲ့တဲ့” မြူးကြွလှပ ရောင်စုံည” ဆိုပြီး တေးသီချင်းတွေနဲ့သီဆိုဖျော်ဖြေနေကြတဲ့အပေါ် အမှန်တကယ်အရည်အချင်းပြည့်ဝတဲ့ တေးရေးဆရာကြီး ကိုအောင်နိုင်ဆန်းက သူ့ရဲ့အမြင်ကို အခုလိုပွင့်ပွင့်လင်းလင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။

“💔ဂီတချိုးဖဲ့ဖျက်ဆီးသူများ။‌ေတာ်ရုံလောက်နဲ့တော့မပြောချင်ပါဘူး။ခုဟာကတော့ ပရိသတ်ကိုမထီမဲ့မြင်လုပ်တာလွန်လွန်းအားကြီးတယ်ထင်လို့။ MRTV ဆိုတာနိုင်ငံတော်အဆင့် ရုပ်/သံ။ဒီလို channel ကထုတ်လွှင့်ပြသမယ့် ဂီတဆိုတာဟာ (စံ) ဖြစ်နေသင့်တယ်။ စံ မဖြစ်ရင်တောင် အမှားအယွင်းကင်းပြီး အသင့်အတင့်အရည်အသွေးတော့ရှိသင့်တယ်။😀ခုဟာကြီးကတော့ ပြီးပြီးရော မှတကယ့်ပြီးပြီးရော လုပ်ထားတာ။

သီချင်းဆိုတတ်တဲ့သူက တစ်ယောက်ပဲပါတယ်။(သူသည်လည်း အကယ်ဒမီရုပ်ရှင်မင်းသားကြီးမို့သာ၊ နင်လားငါလားကောင်းတဲ့ထဲ ပါတာတော့မဟုတ်ဘူး)။ကျန်တာတွေကတော့ အားမနာတမ်းပြောရမယ်ဆိုရင် ဂီတနဲ့လားလားမှမသက်ဆိုင်လုံးဝမဆိုတတ်တဲ့ဟာတွေကိုထည့်ထားတာ။

💔အသံတစ်ခုရဲ့ကာလာတို့၊ ပါဝါတို့ မရှိချင်နေပါစေဦး။ သီချင်းဘယ်လိုဆိုရမယ်ဆိုတဲ့ သညာသိလေး အခြေခံလေးတော့ရှိပြီး Noteတည့်ရုံလေးတော့ဆိုတတ်တဲ့သူတွေကိုသာခေါ်သုံးသင့်ပါတယ်။လမ်းဘေးမှာ ဝါးဆစ်ဘူး ၂ လုံးကိုမြေမှာဘယ်ညာထုပြီး သီချင်းတွေဆို၊တောင်းရမ်းစားသောက်ရတဲ့သူတွေတောင် သူတို့ထက်တော့ ဆိုတာကောင်းသေးတယ်။အသံ Tone/ Colour လုံးဝမရှိဘူး။အသံနိမ့်မြင့် Note လုံးဝမသိဘူး။

ဝါးဆစ်ဘူး လမ်းဘေးဂီတလောက်တောင်မှနားဝင်ပီယံမရှိတဲ့ဟာတွေကို တခုတ်တရရိုက်ပြတာကတော့ MRTV ဟာဆိုးလွန်းတယ်။ ကြိုသွင်းထားတာကြီးကို playback ဖွင့်ပြီးရိုက်ကူးပြီးမှ ပြန်လွှင့်တာကို Live လို့လိမ်တာကိုတော့ နားလည်ပေးပါတယ်။

ဒီခေတ်ကာလကြီးမှာ ရတဲ့လူပဲခေါ်ပြီးသီချင်းဖြစ်ရင်ပြီးရောလို့ လုပ်ထားရတာမို့အဆိုသံက Auto tune လုပ်ထားတာကြီးပေါ်ပေါ်ထင်ထင်ဖြစ်နေတာကိုလည်းခွင့်လွှတ်ပေးလို့ရပါတယ်။စန္ဒရားလှထွတ် လက်ရာ (အဖော်မွန်) ရဲ့၃:၁၅ မိနစ် နေရာမှာ သီချင်းဆိုတဲ့ ခပ်ဝဝမိန်းမက အဆိုသံထွက်ပြီးမှ မိုက်ကိုင်တဲ့လက်ကမန်းကတမ်းပြန်တင်ရတာကို လူတွေကCommentရေးပြီးဆဲကြတာတပျော်တပါးကြီး။ 🤣🤣🤣

MRTV က အရှက်မရှိတင်ထားတဲ့ အဲဒီ သီချင်း clip တွေရဲ့အောက်က (ကောင်းတာတစ်ခုကလေးမျှမပါသော) comment များထဲမှာ ဘယ်တော့မှမမေ့နိုင်အောင်မှတ်မိသွားစေတဲ့ ပြောင်မြောက်လှတဲ့ commentတစ်ခုကတော့.. ” သံပုံးကို‌ခွေးသေးပန်းတာကမှ နားထောင်လို့ကောင်းသေးတယ် ” တဲ့ ။

🟥သီဆိုတဲ့သူတွေကိုတော့ ဘယ်သူ ဘာပြောပြော ဆိုရရင်ပြီးရော ဆိုတဲ့စိတ်နဲ့ လာဆိုကြမှန်းသိလို့ အထူးအထွေမဝေဖန်လိုပါဘူး။အဓိကပြောချင်တာက ဌာနကစီစဉ်သူ။❓ဘာလို့ဒီလိုကြီးလုပ်ပေးတာလဲ။ဝန်ထမ်းမို့၊အထက်လူကြီးက စီစဉ်ခိုင်းလို့လုပ်ပေးရတာဆိုရင်လည်း ဆိုတတ်တဲ့သူတွေရွေးခေါ်ပေးလိုက်လေ။

အရင်မြန်မာ့အသံကအဆိုတော်လေးတွေ CDM လုပ်ကုန်ကြပေမယ့် လက်ကျန်လည်းရှိပါသးတယ်။ ဥပမာ ရဲရင့်ဝေလွင်။ သူဟာအသံသိပ်ကောင်းတဲ့အဆိုတော်ပဲ။သူ့ကို၃ ပုဒ်လောက်ဆိုခိုင်း။အပြင်ကခေါ်ရမယ့် ပြင်ပတေးသံရှင်၅ ယောက်လောက်ရှာလိုက်။

နာမည်ကြီးတွေကိုမမက်နဲ့။ အခုချိန်မှာသူတို့ ကို ရွှေပေးခေါ်ရင်တောင်မလာဘူး။ နာမည်မကြီးပေမယ့် TV ထဲပါချင်သူအဆိုတော်အသေးအနုတ် မထင်မရှားထဲကရှာ။

အဲဒီထဲက နာမည်ကြီးကြီး၊မကြီးကြီး တကယ်ဆိုတတ်တဲ့၊ သီချင်းတွေကို ဖျက်ဆီးမပစ်မယ့်သူကိုဆိုခိုင်း။ အခု (ဂီတဖျက်ဆီးရေးမယ်) မိန်းမဝဝကြီးတွေကို စိတ်အာသာပြေသွားအောင် ဝင်ကခိုင်း။

ဒါဆိုရင် နာမည်ရှိသူပါစေချင်တဲ့ အထက်ကလူကြီးဆန္ဒလည်းပြည့်ရော။သီချင်းလည်းမဆိုတတ်ဘူး။ အထီး ဖြစ်နေလို့ ဝင်ကဖို့လည်း အဆင်မပြေဘူးဆိုရင်တော့လည်း ဂစ်တာလွယ်ပြီး အတီးသမား နေရာကဝင်ရိုက်ပစေပေါ့ဗျာ။ ဂစ်တာတီးတတ်စရာမလိုပါဘူး။

စကတည်းက အသံသွင်းပြီးသားသီချင်းကိုPlayback ဖွင့်ပြီးလိမ်ရိုက်ထားတာပဲဥစ္စာ။🤣ကဲ…ပရိသတ်ရဲ့ မှတ်ချက်ကတော့ ” သံပုံးကို‌ခှေးသေးပန်းတဲ့အသံကမှ ပိုနားထောင်ကောင်းဦးမယ် “တဲ့နော် 🤣🟥ခဏနေ ရေမချိုးခင် သံပုံးကို သေးနဲ့ပန်း ကြည့်ဦးမှပါ။🤣🤔(တခု စဉ်းစားမိတယ်။

ဒါကြီးစီစဉ်ပေးတဲ့သူက တမင်သက်သက် ရွဲပလဲတွေချည်သွတ်သွင်းပြီး ပါးပါးလေးကပ်ထည့်လိုက်တာများလား ပဲ?။ 🍉ဆန္လိုက္တာ😂)” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်ကနေ ပစ်ပစ်နှစ်နှစ်ဝေဖန်ခဲ့တာပဲဖြစ်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *