အကြောရောဂါခံစားနေရတဲ့ ဦးကျင်ဝှက်ကို သက်သာပျောက်ကင်းအောင် ကုသပေးခဲ့ရတဲ့ အတွက် ပီတိဖြစ်နေတဲ့ ထူးခန့်ကျော်

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါကသရုပ်ဆောင်မင်းသားအနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ ထူးခန့်ကျော်ကတော့ လက်ရှိမှာ သူတတ်တဲ့ပညာရပ်တွေနဲ့ ရောဂါဝေဒနာတွေကိုပျောက်ကင်းအောင်ကုသပေးနေခဲ့ပါတယ်။ လူနာတွေများစွာကိုသက်သာပျောက်ကင်းအောင်စေတနာထားကာကုသပေးနေခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့မှာလည်း 5 Star လူရှင်တော်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် ဦးကျင်ဝှက်ကို ကုသပေးခွင့်ရရှိခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။”

ကျွန်တော်ကိုယ်တိုင်အူကြအောင်ရီခဲ့ရသော5STARအဖွဲ့မှ ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် ဟာသမင်းသားကြီးကိုကျင်ဝှက်ရဲ့ အကြောရောဂါလေးအားပါရမီဖြည့်ကုသခွင့်ရခဲ့သလို သက်သာမှု့ရခဲ့လို့လည်းအင်မတန်ပီတိဖြစ်ခဲ့ရလေသည်။

တချို့ကကိုကျင်ဝှက်အားအသားမဲတယ်လို့ပြောကြပေမဲ့ အပြင်မှာတော့မဖြူပါဘူးနော်ဟီးဟီး အသားမမဲသလိုနှလုံးသားလဲအရမ်းဖြူလွန်းလှသော ဟာသမင်းသားကြီးကိုကျင်ဝှက်ယခုလိုယုံကြည်စွာဖြင့် လာရောက်ကုသမှု့ခံယူခဲ့လို့လည်းအထူးပင်ကျေးဇူးတင်ပါတယ်နော်။” ဆိုပြီး တော့လည်း စနောက်ထားခဲ့ပါသေးတယ်။

ထူးခန်ကျော်ကတော့ ဦးကျင်ဝှက်သာမက အခုလို သူ့ဆီမှာရောဂါဝေဒနာကို ယုံယုံကြည်ကြည်နဲ့ လာရောက်ကုသတဲ့ (၇)ရက်သားသမီးအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ လာရောက်ကုသသူတွေအဆင်ပြေစေဖို့လည်း တစ်နေ့ကို လူအယောက် (၉၀)လောက်ထိထပ်တိုးလက်ခံကာ ကုသပေးနေပါတယ်တဲ့ပရိသတ်ကြီးရေ။

Leave a Reply

Your email address will not be published. Required fields are marked *