နန္ဒိယာရာမမိုးကုတ်ဓမ္မရိပ်သာကျောင်းမှာ သိမ်ဆောက်လုပ်လှူဒါန်းခဲ့တဲ့ နေဆန်း

ပရိသတ်ကြီးရေ နေဆန်းကတော့ တစ်ခေတ်တစ်ခါက ရုပ်ရှင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ် ခင်မှုကို ရရှိခဲ့တဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညယအလုပ်တွေကိုလုပ်ကိုင်ခြင်းမရှိတော့ဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလုပ်ကိုင်နေခဲ့ပါတယ်။

ဘာသာတရားကိုကိုင်းရှိုင်းပြီး အလှူအတန်းတွေကိုရက်ရောလှတဲ့ နေဆန်းကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးကရရှိတဲ့ ငွေတွေနဲ့ အမြဲလိုလို အလှူအတန်းတွေကို ပြုလုပ်နေခဲ့ပါတယ်။

လတ်တလောမှာလည်း နေဆန်းက သူ့ရဲ့မိတ်ဆွေတစ်ဦးနဲ့အတူ့တောင်ဒဂုံမြို့နယ် နန္ဒိယာရာမမိုးကုတ်ဓမ္မရိပ်သာကျောင်းမှာ သိမ်ကျောင်းတစ်ဆောင်တောက်လုပ်လှူဒါန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၈)ရက်နေ့ကတော့ လှူဒါန်းထားတဲ့ သိမ်ဆောက်လုပ်ဖို့အတွက် သိမ်နှုတ်သိမ်သမုတ်မဂ်လာအခမ်းအနားလေးပြုလုပ်ခဲ့ပါတယ်။

ပရိသတ်ကြီးရေ သာသနာမှာ’”သိမ်” ဆိုတဲ့အတိုင်းမွန်မြတ်လှတဲ့အလှူလေးကို ပရိသတ်ကြီးတွေလည်း နေဆန်းတို့ရဲ့ သိမ်ဆောက်လုပ်လှူဒါန်းတဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *