“ပရိသတ်ရှေ့ရောက်ရင် အမြဲပြုံးနေတဲ့သူမရဲ့ စိတ်ထားလေးကို ဖွင့်ဟပြောပြလာတဲ့ ချောရတနာ ”

ပရိသတ်ကြီးရေ ချောရတနာကတော့ ကာရာအိုကေ ခေတ်ထဲက တေးစီးရီးတွေမှာ သရုပ်ဆောင်အနေနဲ့ ပရိသတ်တွေသတိထားမိလာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်တတ်တဲ့ မင်းသမီးတစ်လက်လို့လည်း ဆိုရမှာပါ။

နာမည်နဲ့လိုက်အောင် ချောမောလှပတဲ့မင်းသမီးတစ်လက်ဖြစ်ပြီး တစ်သားမွေးတစ်သွေးလှတယ်လို့ဆိုရလောက်အောင်နုပျိုလှပနေတဲ့သူပါ။

ဇာတ်ဆောင်ကာရိုက်တာတွေမှာသာမက ဇာတ်ပို့နေရာတွေမှာလည်း ပီပီပြင်ပြင် သရုပ်ဆောင်တတတ်တဲ့သူမကတော့ ” ဥ ” ဇာတ်ကားမှာ စိတ်မနှံ့တဲ့ ဇာတ်ပို့နေရာကနေ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။လတ်တလောမှာလည်းသူမအနေနဲ့ Live saleလေးတွေ ပြုလုပ်လျက်ရှိနေတာပါ။

ဒီနေ့မှာတော့”တချို့က ကျွန်မကို မင်းသမီးဟန်ဆောင်ကောင်းတယ်တဲ့ဟုတ်တယ် ကျွန်မချစ်တဲ့ ပရိတ်သတ်ရှေ့မှာတော့ဟန်ဆောင်ပြီး ပြုံးနေခွင့်ပေးပါ။

ရင်ထဲမှာ ပူနေလဲ ပြုံးပါတယ် အဲ့ တစ်ချိန်လေးတော့ ဟန်ဆောင်ပါရစေကိုယ့်ကြောင့် သူတို့ ကိုမပူလောင်စေချင်ဘူးအေးချမ်းစေချင်တယ် အပျော်တွေပဲပေးချင်တယ်လေ ”ဆိုတဲ့စာလေးနဲ့သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရင်ဖွင့်ပြောပြခဲ့တာပါ။ပရိသတ်ကြီးရေ ချောရတနာရဲ့ပရိသတ်တွေအပေါ်ထားတဲ့ စေတနာကတော့ ချီးကျူးစရာပါပဲနော်။

Leave a Reply

Your email address will not be published. Required fields are marked *