“မေမေ!ဖေဖေနဲ့လိုက်မသွားနဲ့နော်ဂျက်ဂျက်နဲ့နေခဲ့နော်”လို့သားလေးဂျက်ဂျက်ပြောစကားကြောင့်စိတ်မကောင်းဖြစ်နေရတဲ့ နန်းမြတ်ဖြိုးသင်း

“မေမေ!ဖေဖေနဲ့လိုက်မသွားနဲ့နော်ဂျက်ဂျက်နဲ့နေခဲ့နော်”လို့သားလေးဂျက်ဂျက်ပြောစကားကြောင့်စိတ်မကောင်းဖြစ်နေရတဲ့ နန်းမြတ်ဖြိုးသင်း

ချစ်ပရိတ်သတ်ကြီးရေအနုပညာရှင်တစ်ယောက်ဖြစ်တဲ့နန်းမြတ်ဖြိုသင်းကတော့ယခုချိန်မှာသားသားမီးမီးတွေအတွက်အလုပ်ကြိုးစားနေတဲ့မိခင်တစ်ယော က်ဖြစ်နေပါပြီ၊ခင်ပွန်းဖြစ်သူကိုတာတာထွန်းကွယ် လွန်ပြီးနောက်မှာအကြီးသားလေးနဲ့သမီးငယ်လေးကျန်ရစ်ခဲ့တာပဲဖစ်ပါတယ်။

အိမ်ထောင်သက်တမ်းမကြာသေးပဲခင်ပွန်ဖြစ်သူကိုဆုံရုံးလိုက်ရတဲ့သူမအတွ က်ကတော့ပြောစရာစကားမရှိအောင်နာကျင်နေရပါတယ်။

ယခုချိန်မှာတော့သူမရဲ့စိတ်တွေကလေမနေဘဲ၊ဘေးမှာရှိနေတဲ့သားနဲ့သမီးလေးအတွက်ကြိုးစားရုံးကန်နေပါတယ်။ဖခင်မရှိတော့တဲ့ကလေးနှစ်ယောက်ကိုတွေးမိတိုင်းသူမဝမ်းနည်းနေခဲ့ရပါတယ်။

သားနဲ့သမီးလေးအတွက်အဖေလိုရောအမေလိုပါပိုပြီးပြည့်စုံအေ ာင်ကြိုးစားနေထိုင်နေတဲ့သူမကတော့မိခင်ကောင်းတစ်ယောက်ပဲနော်။ခုချိန်မှာOnlineကနေစျေးရောင်းတဲ့အလုပ်ကိုစတင်လုပ်ကိုင်နေပါပြီ။

သူမရဲ့သားကြီးလေးဂျက်ဂျက်ကတော့စကားတွေအလွန်တတ်ပြီးအရမ်းချစ်ဖို့ကောင်းပါတယ်၊သမီးငယ်လေးကလဲအတော်လေးချစ်စရာကောင်းပါတယ်နော်။မိခင်အပေါ်သိတတ်တဲ့ဂျက်ဂျက်လေးကညတိုင်းလိုလိုသူ့အဖေကြောင်းကိုအမြဲမေးတတ်ပါတယ်တဲ့၊

“အမေငိုရင်ဖေဖေ့ကိုလွမ်းလို့လားမေမေလို့မေးတတ်တယ်ပီးရင်မငို့နဲ့နော်တိတ်တိတ်လို့လဲချော့တတ်တယ်၊မနေ့ညကတော့ထူးထူးဆန်းဆန်းပြောတယ်မေမေ!ဖေဖေနဲ့လိုက်မသွားနဲ့နော်ဂျက်ဂျက်နဲ့နေခဲ့နော်လို့ပြောရှာတယ်ရင်ထဲမှာပြောမပြတတ်အောင်ဝမ်းနည်းခံစားရတယ်တဖက်မှာလဲမပြည့်စုံနိုင်ဖူးဆိုတာသိပေမယ့်သူ့အဖေရှိတုန်းကလိုပြည့်စုံအောင်ကြိုးစားပီးထားရမယ် ငါကျန်းမာမှအသက်ရှည်မှဖြစ်မယ်လို့စဉ်းစားမိတယ်မေမေ့သားကြီးလေးသန်မာကြံ့ခိုင်တဲ့သားလေးဖြစ်ပါစေသားရယ်”ဆိုပြီးသားလေးဂျက်ဂျက်ရဲ့သိတတ်မှု့လေးကိုပြောပြလာခဲ့ပါတယ်၊သေသော်သူကြာရင်မေ့ဆိုပေမယ့်မလွယ်လှပါဘူးနော်၊မနန်းမြတ်ဖြိုးသင်းအားတင်းထားပါ။

Leave a Reply

Your email address will not be published. Required fields are marked *