ဒီနေ့မှာ ချစ်ရတဲ့မိခင်ရဲ့ သမီးအဖြစ်မှ အမွေဖြတ်စွန့်လွတ်ခြင်းခံလိုက်ရတဲ့ သရုပ်ဆောင်ပိုင်ဖြိုးသု

ဒီနေ့မှာချစ်ရတဲ့မိခင်ရဲ့သမီးအဖြစ်မှအမွေဖြတ်စွန့်လွတ်ခြင်းခံလိုက်ရတဲ့သရုပ်ဆောင်ပိုင်ဖြိုးသု

သရုပ်ဆောင်ပိုင်ဖြိုးသုကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်လှုပ်ရှားခဲ့တာကြောင့်ပုဒ်မ၅၀၅က၊ဖြင့်မတရားအမှုဖွင့်ထားခြင်းခံရတာကြောင်းဘေးကင်းရာကိုရှောင်တိမ်းနေရပါတယ်နော်။

အခုတစ်ခါမှာဆိုရင်တော့သရုပ်ဆောင်ပိုင်ဖြိုးသုကိုမိဘများကသမီးအဖြစ်မှအမွေပြတ်စွန့်လွှတ်လိုက်ပြီဖြစ်တဲ့အကြောင်းကိုအခုလိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။

ဒီကနေ့နိုဝင်ဘာလ၁ရက်နေ့မှာဆိုရင်တော့သမီးအဖြစ်မှအမွေပြတ်စွန့်လွှတ်ခြင်းခေါင်းစဥ်နဲ့ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်၊၁၃ရက်ကွက်၊မိုးကောင်းကင်လမ်း၊အမှတ်၃၆နေဦးစိုးဝင်းနှင့်ဒေါ်နွယ်ဦးတို့၏လွှဲအပ်ညွှန်ကြားချက်အရအောက်ပါအတိုင်းအများသိစေရန်ကြေငြာအပ်ပါသည်။

ကျွန်ုပ်၏မိတ်ဆွေများဖြစ်သောဦးစိုးဝင်းနှင့်ဒေါ်နွယ်ဦးတို့၏သမီးဖြစ်သူမပိုင်ဖြိုးသုသည်မိဘများ၏ဆိုဆုံးမမှုများကိုမနာခံဘဲမိဘများစိတ်ဆင်းရဲစေသောကိစ္စရပ်များအားအကြိမ်ကြိမ်အခါခါပြုလုပ်ခဲ့ပါသဖြင့်ယနေ့မှစ၍သမီးအဖြစ်မှအမွေပြတ်စွန့်လွှတ်လိုက်ပါကြောင်းနှင့်နောက်နောင်၎င်းနှင့်ပတ်သတ်သောကိစ္စအဝဝအားတာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါကြောင်းအများသိစေရန်ကြေငြာအပ်ပါသည်။

ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *