အမေ့ကို အချိန်ပေးပြီး ကိုယ်တိုင် ခြေသည်းလက်သည်း သန့်ရှင်းပေးနေတဲ့ သမီးအလိမ္မာလေး အိချောပို

စူစူက မေမေ့ကိုသိပ်ချ စ်တာပဲနော် အပြင်ဆိုင်တွေမှာတောင်မလုပ်ခိုင်းဘဲ သူကိုယ်တိုင်သေချာလုပ်ပေးနေတာနော်..🥰🥰အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကြောင့် ပရိသတ်တွေကြားမှာ ယနေ့ထိတိုင် စိတ်ဝင်စားခြင်းကိုခံနေရတာကတော့ အိချောပိုပဲဖြစ်ပါတယ်။

ခဏလေး အချိန်တွင်းမှာပဲ အအောင်မြင်ဆုံးမင်းသမီးတစ်ယောက်အဖြစ်ရပ်တည်နိုင်ခဲ့တာပါ။အနုပညာလောကရောက်ရောက်ခြင်းမှာပင် အားပေးသူတွေတစ်ခဲနက်ရရှိခဲ့တာပါ။

စူစူ လို့ချစ်စနိုးနဲ့ခေါ်ကြပြီး ယောက်ျားလေးပရိသတ်အများဆုံးဝန်းရံခံထားရတာပါ။သူမရဲ့ အင်တာဗျူးလေးတွေတိုင်းမှာလည်း ပျော်ပျော်ရွှင်ရွှင်စစနောက်နောက်နဲ့ဖြေတာလေးတွေကြောင့်လည်း သူမကိုကြည့်နေတာကိုက အချစ်တွေပိုနေရတာပါ။လူမှုကွန်ရက်ကလည်းပုံရိပ်လေးတွေအမြဲတင်ပေးပြီး ပရိသတ်တွေနဲ ့ရှိနေတာပါ။

ခုလိုအနုပညာအလုပ်တွေပါးနေချိန်လေးမှာတော့ စူစူဟာ မိသားစုတွေနဲ့အချိန်ပေးပြီး ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတာပါ။

ခုမှာလည်း သူအားချိန်လေးမှာ ဆိုင်မသွားဖြစ်တော့ အမေ့ ခြေသည်းလက်သည်းလေးတွေကို အိမ်မှာ ကိုယ်တိုင်သန့်ရှင်းပြီး ဆေးဆိုးပေးနေတာပါ။

မိဘအပေါ်လည်းသိတက်တဲ့ စူစူတစ်ယောက် အမေ့ကို ခြေသည်းလက်သည်း သန့်ရှင်းပေးနေတဲ့ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *