အရေးပေါ် အကူအညီတောင်းလာတဲ့ အိမ်ထောင်စုတွေရဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ခက်ခဲလွန်းလို့ အရေးပေါ် အကူအညီတောင်းလာတဲ့ အိမ်ထောင်စုတွေရဲ့ စားဝတ်နေရေး အဆင်မပြေမှုတွေကို ကူညီဖြေရှင်းပေးခဲ့တဲ့ ခိုင်နှင်းဝေ ခုကာလမှာ အရာရာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့်ကိုယ်တတ်နိုင်တဲ့ နေရာတွေမှာတော့ ပြည်သူအချင်းချင်း ကူညီထောက်ပံ့မှုတွေ လုပ်ပေးနေကြဆဲပါ ။

ငွေအားတတ်နိုင်သူက လိုအပ်တဲ့ အရာတွေ လှူဒါန်းပေးနေကြသလို လုပ်အား တတ်နိုင်သူတွေကလည်းစေတနာမေတ္တာအပြည့်နဲ့ ကိုယ်ကျိုးစွန့်ကာ ပရဟိတ အလုပ်တွေကို ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးနေကြတာကို တွေ့ရပါတယ် ။ဒီလို လှူဒါန်းကြသူတွေ အထဲမှာ သရုပ်ဆောင် ခိုင်နှင်းဝေလည်း အပါအဝင်ပါပဲ ။

နေ့ရက်တိုင်း မမောမပန်းနိုင်အောင် လိုအပ်တဲ့ နေရာတွေကို သွားရောက်ကာ ကူညီ ထောက်ပံ့ပေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ် ။

အခုလည်း ခက်ခဲလွန်းလို့ အရေးပေါ် အကူအညီတောင်းလာတဲ့ သာကေတဘက်ကအိမ်ထောင်စု (၁၀၀) စာအတွက် လိုအပ်တာများကို လှူဒါန်းပေးရင်း အခက်အခဲကို စာနာစိတ်ဖြင့် ကူညီဖြေရှင်းပေးခဲ့ပါတယ် ။

အလှူလက်ခံရရှိတဲ့ ပုံတွေနဲ့ အတူ ” အရေးပေါ် အကူအညီတောင်းလာတဲ့ သာကေတဘက်မှ အိမ်ခြေ (၁၀၀)စာကိုဂေဟာမှာ ရှိတဲ့ ဆန်၊ဆီ၊ကြက်သွန်၊ကိတ်ခြောက် များ ခွဲဝေ လှူဒါန်းပေးခဲ့ပါတယ် ခုနှစ်ရက် သားသမီးများ စုပေါင်းပြီး လှူဒါန်း မှု အစုစုတို့အား သာဓု သာဓု ခေါ်ဆို၍ ထပ်တူ ကုသိုလ်ပွားများနိုင်ကြပါစေရှင်..…” ရေးသားထားရာ ပီတိဖြစ်မိလို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *