မီးကြီးမားစွာလောင်ပြီး လူနေအိမ် (၁၀၀)ကျော် ဆုံးရှုံးခဲ့တဲ့ ချင်းပြည်နယ် ထန်တလန်ပြည်သူအတွက် အလှူငွေတွေ လှူဒါန်းခဲ့တဲ့ မော်ဒယ်သရုပ်ဆောင် လုလုအောင်

မီးကြီးမားစွာလောင်ပြီး လူနေအိမ် (၁၀၀)ကျော် ဆုံးရှုံးခဲ့တဲ့ ချင်းပြည်နယ် ထန်တလန်ပြည်သူအတွက် အလှူငွေတွေ လှူဒါ န်းခဲ့တဲ့ မော်ဒယ်သရုပ်ဆောင် လုလုအောင်

ပုရိသတွေ အကြိုက် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး မြင်သူတိုင်း ကြွေဆင်းနိုင်လောက်တဲ့ မော်ဒယ်လုလုအောင် ကတော့ လက်ရှိမှာ Single Mother တစ်ယောက်အနေနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။

လုလုအောင် က ကြော်ငြာ နဲ့ Photo Shooting တွေ လက်ခံရိုက်ကူးရသလို သီချင်းဗီဒီယိုတွေမှာလည်း ပါဝင်သရုပ် ဆောင်လေ့ရှိတာ ဖြစ်ပါတယ်။

လုလုအောင် က ကိုယ်လုံးကိုယ်ပေါက်လှပသူလေးဖြစ်တာကြောင့် သူများတွေနဲ့မတူအောင် ညှို့အား ပြင်းနေတာလည်းဖြစ်ပါတယ်။

လုလုအောင်က မြန်မာ့နွေဉီးတော်လှန်ရေးမှာ ဖေဖော်ဝါရီလထဲကစပြီး လမ်းပေါ်ထွက်ကာ အားတတ်သရော ပါဝင်ခဲ့တဲ့ အနု ပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။

အခုချိန်ထိကို ပရိသတ်တွေနဲ့ တစ်သားတည်းရပ်တည်နေတာကြောင့် ပရိသတ်တွေက အချစ်ပိုခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး နေတတ်တဲ့ လုလုအောင် တစ်ယောက်ကတော့ အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူဖြစ်သလို အလှူအတန်းရက်ရောသူလေးလဲဖြစ်ပါတယ်။

အခုလည်း သူမက အောက်တိုဘာ (၂၉) ရက်နေ့က အေးချမ်းသာယာလှတဲ့ ချင်းပြည်နယ် ထန်တလန်မြို့မှာ လူနေအိမ် (၁၀၀)ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်ကြောင့်ဆုံးရှုံးသွားတဲ့ ပြည်သူတွေအတွက် သူမက ကူညီလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

သူမက မီးဘေးသင့်တဲ့၊ စစ်ဘေးရှောင်နေရတဲ့ထန်တလန်ပြည်သူတွေအတွက်ဆိုပြီး အလှူငွေ ကျပ် ၁၀ သိန်းတိတိ ကို TP AC, Thantlang ကို လှူတန်းထားတာပဲဖြစ်ပါတယ်။

“လက်ခံရရှိတဲ့ အလှူငွေပမာဏတွေအားလုံးကို မရှိမဖြစ်လိုအ ပ်နေတဲ့ ထန်တလန်ပြည်သူများအတွက် အကျိုးရှိစွာ သုံးစွဲပါ့မယ်လို့” ဆိုပြီး TPAC, Thantlang ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *