ဗုဒ္ဓဂါယာမှာ ကထိန်သင်္ကန်းကပ်လှူခဲ့တဲ့ ဗုဒ္ဓကားမှမင်းသား Himanshu Soni

ဗုဒ္ဓဂါယာမှာ ကထိန်သင်္ကန်းကပ်လှူခဲ့တဲ့ ဗုဒ္ဓကားမှမင်းသား Himanshu Soni

ဗုဒ္ဓကားမှာပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ မင်းသား Himanshu Soni ဟာ ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့က ဗုဒ္ဓဂါယာမှာ ကထိန်သင်္ကန်းကပ်လှူခဲ့တယ်လို့ သိရပါတယ်။

မင်းသား Himanshu Soni ဟာ ဒီအကြိမ်နဲ့ဆို ဗုဒ္ဓဂါယာကို ရောက်ရှိတာ နှစ်ကြိမ်မြောက်ရှိပါပြီ။ ပထမတစ်ကြိမ်က ၂၀၁၈ ခုနှစ်တုန်းကဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် တုန်းကတော့ ဒီတိုင်း အလည်အပတ် ဘုရားဖူး သဘောအနေနဲ့ပဲ ဗုဒ္ဓဂါယာကို ရောက်ရှိခဲ့တာပါ။ အခုတစ်ခေါက်မှာတော့ ကထိန်သင်္ကန်း ကပ်လှူပွဲပါ ပြုလုပ်နေတာပဲဖြစ်ပါတယ်။

Himanshu Soni ဟာ အသက် ၃၃ နှစ်အရွယ် အိန္ဒိယသရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့သူဖြစ်ပါတယ်။

အိန္ဒိယ မင်းသား Himanshu Soni ဟာ ၂၀၁၄ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဗုဒ္ဓရုပ်ရှင် ဇာတ်လမ်းတွဲနှင့် လူသိများလာသူဖြစ်ပါတယ်။

Himanshu Soni တစ်ယောက်ဗုဒ္ဓဂါယာကိုရောက်ရှိပြီး ကထိန်သင်္ကန်း ကပ်လှူခဲ့တဲ့ ပုံရိပ်တွေကလည်း လူမှုကွန်ရက် စာမျက်နှာမှာ အရမ်းကို နာမည်ကြီးလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *