လေဖြတ်သွားတဲ့ခင်ပွန်းရဲ့အနားကနေမခွါဘဲ ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ပံ့ပိုးပြုစုစောင့်ရှောက်ပေးနေတဲ့ ဇနီးသည်တစ်ဦး

Syazwani Adnan နှင့်သူမ၏ခင်ပွန်း Shahrul Liza တို့ရဲ့ဇာတ်လမ်းဟာ Syazwani က ပြီးခဲ့တဲ့အောက်တိုဘာလ ၉ ရက်နေ့တွင် လေဖြတ်နေတဲ့ Shahrul ကိုပြုစုစောင့်ရှောက်ပေးနေသည့်သူမရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို TikTok မှာတင်ခဲ့ခြင်းဖြင့်စတင်လာခဲ့ပါတယ်။

၎င်းဗီဒီယိုကို ကြည့်ရှုသူ 6 သိန်းကျော်ရှိပြီး ဗီဒီယိုကိုကြည့်ရှုတဲ့ netizen များက အဖြစ်အပျက်ကိုသိချင်စိတ်ပြင်းပြခဲ့ကြပြီး ဗီဒီယိုနောက်ကွယ်က ဇာတ်လမ်းအကြောင်းကို မေးမြန်းခဲ့ကြပါတယ်။

Syazwani က သူမခင်ပွန်းဟာ ရုတ်တရက်လေဖြတ်သွားခဲ့တာကြောင့် သူ၏လှုပ်ရှားမှုနှင့်စကားပြောရာတွင် အခက်အခဲများကြုံတွေ့ခဲ့ရကြောင်း တုံ့ပြန်ခဲ့ပါတယ်။

လူတွေရဲ့များပြားလှတဲ့တုံ့ပြန်မှုအပြီးမှာတော့ Syazwani ဟာ သူမရဲ့TikTok ချန်နယ်မှာ အခြားဗီဒီယိုများစွာကိုတင်ပေးခဲ့ပြီး Shahrul ရဲ့ ပြန်လည်ထူထောင်ရေးခရီးစဉ်အကြောင်း လူတွေကိုပြောပြရင်း သူမရဲ့နေ့စဉ်ပုံမှန်ဂရုစိုက်မှုအချို့ကို မျှဝေခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူဟာ ပြီးခဲ့တဲ့သြဂုတ်လ 3 ရက်နေ့တွင် ရုံးအိမ်သာ၌မတော်တဆပြုတ်ကျမှုကြောင့် လေဖြတ်သွားခဲ့ပြီး ၎င်းရဲ့ခန္ဓာကိုယ်ညာဘက်ခြမ်းကိုကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင်းမရှိတော့ပါဘူး။

ထိုအချိန်မှစပြီး Syazwani ဟာ ခင်ပွန်းက မတော်တဆမှုမှ ပြန်လည်နာလန်ထူရန်ကြိုးစားနေစဉ် သူမဟာ မိသားစုအတွက် ခင်ပွန်းဖြစ်သူရဲ့တာဝန်ဝတ္တရားများအားလုံးကို တစ်ကိုယ်တည်းထမ်းဆောင်ခဲ့ရပါတယ်။

လေဖြတ်ရတဲ့အကြောင်းရင်းအတိအကျကို netizen တစ်ဦးက မေးမြန်းရာမှာ Syazwani က သူမရဲ့ခင်ပွန်းဟာ ကွန်ပျူတာရှေ့မှာ အချိန်များစွာအလုပ်လုပ်ပြီး ဗီဒီယိုဂိမ်းကစားရတာနှစ်သက်သူဖြစ်ခြင်းကြောင့်ဖြစ်နိုင်ကြောင်းဖြေကြားခဲ့ပါတယ်။

လေဖြတ်ရတဲ့ အကြောင်းရင်းကိုအတိအကျမသိရသေးပေမယ့် အိပ်ရေးမဝတဲ့အကျိုးဆက်အနေနဲ့ ဦးနှောက်အတွင်း ရုတ်တရက် သွေးယိုစီးမှုတွေဖြစ်သွားခဲ့တာကြောင့်လေဖြတ်သွားကြောင်း ဆရာဝန်များကပြောကြားခဲ့ပါတယ်။

သို့ပေမဲ့ Shahrul ဟာ ယခုအချိန်မှာ ရွေ့လျားရန် ဘီးတပ်ကုလားထိုင်ကိုမလိုအပ်တော့တဲ့အခြေအနေကိုရောက်ရှိလာနေပါပြီ။

ခင်ပွန်းဖြစ်သူအတွက် Syazwani ရဲ့ မယုံနိုင်လောက်စရာပံ့ပိုးကူညီမှုကြောင့် netizen များက ခက်ခဲတဲ့အချိန်မှာတောင် အိမ်ထောင်ဖက်ရဲ့ဘေးတွင်ရှိနေပေးတဲ့အံ့သဩဖွယ်သစ္စာရှိဇနီးတစ်ဦးအဖြစ် ချီးကျူးခဲ့ကြပြီး Shahrul အမြန်ပြန်ကောင်းလာဖို့အတွက်ပါ ဆုတောင်းပေးခဲ့ကြပါတယ်။

တစ်ချိန်တည်းတွင် Syazwani ဟာ သူမရဲ့နောက်ဆုံးထွက် TikTok ဗီဒီယိုတစ်ခုတွင် အိမ်ထောင်သည်အမျိုးသားများအား ၎င်းတို့ရဲ့ဇနီးများကို ချစ်မြတ်နိုးပြီးတန်ဖိုးထားရန်လည်း ပြောကြားပေးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *