တစ်မြို့လုံးနီးပါး ပြာပုံဖြစ်ကာ တိတ်ဆိတ်နေတဲ့ ထန်တလန်မြို့လေးကြောင့် ချင်းလူမျိုးများနဲ့ ထပ်တူ ခံစားနေရကြောင်း ပြောပြလာတဲ့ ဟန်နာယူရီ

Makeup Artist တစ်ယောက်ဖြစ်သလို သရုပ်ဆောင်လည်းဖြစ်တဲ့ ဟန်နာယူရီ ကတော့ လက်ရှိ ကိုရီးယားကို ရောက်ရှိနေပေမယ့်လည်း မြန်မာအရေးကိစ္စတွေကို တတ်နိုင်တဲ့ ဘက်ကနေ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ကမ္ဘာက သိနိုင်အောင် လူမှုကွန်ယက်တွေကတစ်ဆင့် Speek Out ပေးခဲ့တဲ့အပြင် နွေဦးတော်လှန်ရေးအချိန်ကာလမှာလည်း ပြည်သူ တွေ နဲ့အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားပေးခဲ့ပါတယ်။

ဒီလိုတိုင်းပြည်အတွက် စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးခဲ့တာကြောင့် ချစ်ရတဲ့ပရိသတ်တွေက လေးစားအားကျခဲ့ရတာဖြစ်ပါတယ်။

ယခု မှာ လည်း ပြီးခဲ့တဲ့ရက်က မြန်မာသွေးချင်းမောင်နှမတွေအတွက် စိတ်မကောင်းဖြစ်ရတဲ့ ပုံရိပ်တချို့ကို တင်လာခဲ့တာ တွေ့ရပါတယ်။

ဒီပုံ လေးတွေကတော့ ထန်တလန်မြို့လေးမှာ တိုက်ပွဲအခြေအနေတွေကြောင့် နေအိမ် (၁၀၀)ကျော်လောက် မီးလောင်ပြာကျသွားခဲ့တဲ့ မြင်ကွင်း တွေပဲ ဖြစ်ပါတယ်။

အဆိုပါမြင်ကွင်းတွေကြောင့် ဟန်နာယူရီဟာ“ချင်းလူမျိူးအပေါင်းနဲ့ ထပ်တူစိတ်နှလုံးထိခိုက်ဝမ်းနည်းရပါတယ်” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

တိတ်ဆိတ်ခြေက်ကပ်ပြီး လူသူမရှိဘဲ မြို့ပျက်ကြီးသဖွယ် ဖြစ်နေတဲ့ ထန်တလန်မြို့လေးရဲ့ မြင်ကွင်းကတော့ တွေ့မြင်ရသူ တွေ အဖို့ တုန်လှုပ်စရာဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *