ဖခင်ကြီး ကွယ်လွန်တာ (၃) လပြည့်နေ့မှာ ဘဝရဲ့ အမှတ်ရစရာ ပုံရိပ်လေးတွေနဲ့အတူ လွမ်းဆွတ် စကားလေး ဆိုလာတဲ့ မေတ္တာမြင့်မြတ်ဟိန်း

မကြာခင် ကိုဗစ်ကာလမှာဆိုရင် အနုပညာလောကထဲက ဝါရင့်အနုပညာရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်ခဲ့တာကြောင့် ပြည်သူတွေ ခမျာ နှမြောတသ စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။

ဟာသလူရွှင်တော်၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဦးမေတ္တာဆိုလည်း လွန်ခဲ့တဲ့ ဩဂုတ်လ(၂)ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ဦးမေတ္တာရဲ့မိသားစုဝင်တွေနဲ့ ပရိသတ်တွေကတော့ အခုထိ အရမ်းဝမ်းနည်းနေကြဆဲပဲဖြစ်ပါတယ်။ ဒါပေမယ့် ဦးမေတ္တာရဲ့ အနုပညာတွေကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာ ထာဝရတည်ရှိနေမှာပဲဖြစ်ပါတယ်။

ဦးမေတ္တာရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကလည်း ခုချိန်အထိ ရည်စူးပြီး ကောင်းမှု ကုသိုလ်တွေ ပြုလုပ်ပေးနေဆဲပါ ။

အခုလည်း သားဖြစ်သူ မေတ္တာ မြင့်မြတ်ဟိန်းက ဖခင်ကြီးနဲ့ အတူ ဖြတ်သန်းခဲ့တဲ့ တစ်ချိန်က အမှတ်တရတွေကို ဖော်ပြလာပါတယ် ။

ဖခင်ကြီး ကွယ်လွန်တာ (၃) လပြည့်နေ့လေးမှာ သူရဲ့ ငယ်စဉ်က အမှတ်တရ ပုံလေးတွေနဲ့ အတူ ” ၃လပြည့်သွားလည်း မျှော်နေဆဲဘဲ ဖေဖေ….🥺🥺🥺 ” ဆိုတဲ့ စာလေးကို ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *