ယွန်း၀တီလွင်မိုး တင်ပေးလာတဲ့ သူမဘ၀ရဲ့ အပျော်ဆုံးအချိန်

ယွန်း၀တီလွင်မိုး တင်ပေးလာတဲ့ သူမဘ၀ရဲ့ အပျော်ဆုံးအချိန်

အနုပညာလမ်းကြောင်းပေါ်မှာ တစ်ချိန်ကအောင်မြင်မှုထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့အကယ်ဒမီမင်းသားကြီးလွင်မိုးကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်နော်.. လွင်မိုးကတော့ အနုပညာအလုပ်တွေကိုလည်း အောင်မြင်အောင်လုပ်နိုင်ပြီး ခုချိန်မှာတော့ ကိုယ်ပိုင်စီးပွားရေးတွေနဲ့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လို့ ပြောလို့ရနေပါပြီနော်…

လွင်မိုးကတော့ အနုပညာမျိုးဆက်လေးဖြစ်တဲ့ သမီးဖြစ်သူ ယွန်း၀တီလွင်မိုး နဲ့အတူမြေးလေးဖြစ်သူ Liam လေးကိုလည်း ပရိသတ်တွေကချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်နော်..

ယွန်းဝတီလွင်မိုးကတော့ လက်ရှိမှာ ပြည်ပနိုင်ငံ တွင် ပညာသင်ကြားနေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ခွင့် မရတဲ့အတွက်လည်း ဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ မှတစ်ဆင့်အရေးကြီးတဲ့ သတင်းအချက်အလက် တွေကိုတော့ အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်းဖြစ်ပါတယ်။

ပြည်ပမှာနေထိုင်သူတွေလည်း မိသားစုဝင်တွေကို တွေ့ဖို့ မြန်မာနိုင်ငံကို ပြန်လာလို့ မရနိုင်သေးတဲ့အခြေအနေရောက်နေ ရပါတယ်နော်။ ကျောင်းပြီးလို့ ပြန်လာရတော့မယ့် အချိန်မှာ စစ်ကောင်စီမှအာဏာသိမ်းသွားတာကြောင့် ပြန်လာလို့ မရနိုင်သေးပဲ ဖြစ်နေရပါ တယ်နော်။

ဖေဖေ ဖြစ်သူ လွင်မိုးက စပြီးပရိသတ်တွေက အားပေးနေကြပြီး ခုမြေးဖြစ်သူ Liamလေးကိုပါ အားပေးချစ်ခင်နေကြတာ ဖြစ်ပါတယ်။

ဒီနေ့လေးမှာတော့ ခေးက သားလေးနဲ့အတူ ဗီဒီယိုနဲ့အလွမ်းဖြေနေတဲ့ ပုံလေးတစ်ပုံကိုတင်လာခဲ့ပြီး ဘ၀ရဲ့အပျော်ဆုံးအချိန်ဆိုပြီး ရေးတင်လာတာ ဖြစ်ပါတယ်။

စာဖတ်ပရိသတ်ကြီးလည်း ခေးတို့သားအမိရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးကိုကြည့်ပြီးချစ်ပေးကြပါအုံးနော်…

Leave a Reply

Your email address will not be published. Required fields are marked *