အဆိပ်ပြင်းတဲ့ အသားစား မျိုးနွယ် ပဒူကောင် အကိုက် ခံလိုက်ရတဲ့ ဒါရိုက်တာ ကိုပေါက်

အဆိပ်ပြင်း အသားစားမျိုးနွယ် ပဒူတကောင် အကိုက်ခံလိုက်ရတဲ့ ဒါရိုက်တာကိုပေါက်..

ပြည်သူ့ ဘက်တော်သားကြီး တစ်ဦးဖြစ်တဲ့ ဒါရိုက်တာကိုပေါက်က လွတ်မြောက်နယ်မြေ တစ်နေရာကနေ PDF ရဲဘော်တွေအတွက် လိုအပ် သမျှ ကူညီဖြည့်ဆည်းပေးနေရှာသူပါ .. အဓိက တာဝန်ယူ လုပ်ကိုင်ပေးနေ တာကတော့ အစားအသောက်အတွက် စားဖိုမှုးကြီးပေါ့..

မနေ့က ထုံးစံအတိုင်း ရှားရှားပါးပါး အသားဟင်းလေးရခိုက်မို့ ပျော်ရွှင်စွာနဲ့ ချက်ပြုတ်နေတုန်း ပဒူအကိုက်ခံလိုက်ရပါတယ် ” လက်မှာပူက နဲ ရှိန်း ကနဲ့ဖြစ်သွားပြီး လက်က လှုပ်လို့မရတော့ဘူး..

တဖြည်းဖြည်း အဆိပ်က တံတောင်ဆစ်ရောက်လာတယ် တံတောင်ဆစ်ကနေ လက်မောင်းရင်းရောက် လာတယ် လက်တစ်ခုလုံးထုံကျင်လာပြီး ဘယ်လိုမှ နေလို့မရတော့ဘူး ဒါနဲ့ပဲ ဆေးထိုးဖို့ ပြေးရတော့တယ်

CDM ဆရာမတစ်ယောက်က အဆိပ်ဖြေဆေးထိုးပေးလိုက်တော့မှ သက် သာ သွားတာပြန်လည်းရောက်ရော တစ်ကိုယ်လုံး ချမ်းတုန်လာပြီး အဆိပ်အရှိန်ကြောင့် အဖျားက တက်လာတယ် လည်ချောင်းတွေခြောက် ပြီး ရေဆာသလိုကြီး တစ်ညလုံးဖြစ်တာ..

လက်က အကိုက်တော့ကျသွားပေမယ့် တစ်ညလုံးဖျားတယ် ဒီမနက်တော့အတော်သက်သာသွား ပါပြီ.. လို့ဆိုခဲ့ပြီး အကိုက်ခံရတဲ့ပဒူအမျိုးအစားကိုတော့ ” ကျနော့်ကို ကိုက်တဲ့ပဒူက တွေ့နေကျ အနီရောင် ပဒူမဟုတ်ဘူး..အမဲရောင်နဲ့အဝါရောင် စပ် ကျား..

ဟင်းချက်နေတာကိုဘေးမှာအသားတွေလာစား နေတာ ဂျွတ်ဂျွတ် ဂျွတ်ဂျွတ်နဲ့ အသားစားပဒူပေါ့ .. ဒေသခံတွေ အပြောအရ သူ့ အဆိပ်ဘယ်လောက် ပြင်းသလဲဆိုရင် ခေါင်းကိုတုတ်မိရင် ဆံပင်တွေပါ ဖြူကုန်တာတဲ့ ဟုတ်မဟုတ်တော့ မသိဘူး.. မနေ့ ကတော့ အတော် ခံလိုက်ရတယ်” လို့ ဒါရိုက်တာကိုပေါက်က ပြောပြခဲ့သည်… မိုးခါးမယ်

Leave a Reply

Your email address will not be published. Required fields are marked *