” အဆင်မပြေတဲ့သူတွေကို နိုင်သလောက်ကူညီဖို့အတွက် ရပ်နားထားတဲ့အနုပညာအလုပ်တွေကိုပြန်လည်လုပ်တော့မယ်လို့ပရိသတ်ကို အသိပေးခွင့်တောင်းလာတဲ့ခေးဆက်သွင်”

ပရိသတ်ကြီးရေခေးဆက်သွင်ကတော့ နန်းဆန်တဲ့အလှကိုပိုင်ဆိုင်ထားပြီး တည်ငြိမ်အေးဆေးတဲ့အပြုံးလေးတွေနဲ့ အပြူအမူအပြောလေးတွေကြောင့် ပုရိသတွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားသူပါ။

ဖြူစင်တဲ့စိတ်ထားလေးနဲ့ ရရင်ရသလိူ အလှူဒါန လေးတွေပြုလုပ်တတ်တဲ့မင်းသမီးလေးဆိုလည်း ဟုတ်ပါတယ်နော်။

ဒီနေ့မှာလည်း”အလုပ်လေးတွေ လာအပ်ကြတဲ့သူတွေလည်းရှိပေမယ့်ပြီးခဲ့တဲ့ ၇လအတောအတွင်းမှာခေးအနေနဲ့ လက်ခံဖို့ ခက်ခဲတဲ့အခြေအနေမို့ replyတွေမပြန်ခဲ့မိပါဘူး..တချို့ကိုတော့အကျိုးအကြောင်းပြောပြခဲ့ပါတယ်..

ခုချိန်မှာတော့ ချစ်ရတဲ့သူများနဲ့ မိသားစုတာဝန်အရရောအလုပ်ဝါသနာ အရရောကျဆင်းနေတဲ့ စိတ်ဓါတ်အတွက်ရောအဆင်မပြေတဲ့သူတွေကို နိုင်သလောက်ထက်ပိုတွဲထူချင်တဲ့စိတ်နဲ့ရောFb post ကြော်ငြာတစ်ချို့လေးတွေကို စီစစ်လက်ခံပြီး တင်မိပါလိမ့်မယ်ရှင့်…”

“အားလုံးရဲ့ စိတ်အခြေအနေကို သိပြီးသားမို့တတ်နိုင်သမျှ အမှားအနည်းဆုံးဖြစ်အောင်အခြေအနေမအချိန်အခါမသိပဲ မတင်မိအောင်ကြိုးစားပါ့မယ်နော်”ဆိုတဲ့စာလေးနဲ့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေကို ခွင့်တောင်းခဲ့တာပါ။

rပရိသတ်ကြီးလည်းအနုပညာအလုပ်တွေရပ်နားထားတာကြာပြီဖြစ်တဲ့ခေးကို အားပေးဝန်းရံပေးကြမယ်ဆိုမှတ်ချက်ပေးခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *