မွေးနေ့ကုသိုလ်အဖြစ် ဆရာတော် ဘုရားများနဲ့ အခြေခံ လူတန်းစား ပြည်သူတွေ အတွက် ထမင်းဘူးများ လှူဒါန်းပေးခဲ့တဲ့ Sinon

မြန်မာပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ ဖိလစ်ပိုင် Cat Walk King Sinon Loresca ကတော့ ခုနောက်ပိုင်းမှာ ပိုမိုလူသိများအောင်မြင်နေတာ ဖြစ်ပါတယ်။

Sinon က မြန်မာနိုင်ငံကိုလာရောက်ပြီး အနုပညာအလုပ်တွေလုပ်ကိုင် ခဲ့သလို သူတတ်နိုင်သလောက်လေး အလှူအတန်းတွေကိုလည်းနေ့စဉ်နေရာစုံမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

လေးစားချင်စရာကောင်းတဲ့ သူ့ရဲ့အပြုအမူလေးတွေကြောင့်လည်း အားလုံးက ချစ်ခင်နေကြတာပါ။Sinon က ကြော်ငြာလေးတွေရိုက်ကူးသလို အပျော်တမ်းအခွီဗီဒီယိုလေးတွေလည်းရိုက်ကူးပြီး ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစေနိုင်ခဲ့တဲ့ ဆယ်လီတစ်ယောက်ပါ။

အကြောင်းအမျိုးမျိုးကြောင့် သူရဲ့မွေးရပ်မြေကို ပြန်သွားရပေမယ့် မြန်မာပြည်ကို လွမ်းကြောင်း မကြာခဏ ဖော်ပြပေးနေတာလည်းတွေ့ရပါတယ်။

အခုလည်း နိုင်ငံ ရပ်ခြားကနေ မြန်မာလူမျိုးတွေကို သံယောဇဉ်ရှိလွန်းတာကြောင့် အလှူလေး တစ်ခု ပြုလုပ်ခဲ့ပါတယ် ။

ဒါကတော့ ထမင်းဘူးများကို ဆရာတော် ဘုရားများနဲ့ အခြေခံ လူတန်းစား ပြည်သူတွေ အတွက် လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ် ။ အလှူပုံလေးတွေ ကြည့်ပြီး ကြည်နူးပီတိဖြစ်တာကြောင့် သာဓု ခေါ်ရင်း ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *