လူငယ်တွေကြားမှာ လတ်တလော ခေတ်စားနေတဲ့ အရာလေးကို အမိုက်စား ပြန်လည် ဖန်တီးကာ ခပ်ကြမ်းကြမ်းလေး တင်ဆက်ပြလာတဲ့ သင်ဇာဝင့်ကျော်

Sexy ကျကျဖက်ရှင်တွေကို လိုက်ဖက်ညီအောင် ဝတ်စားတတ်ပုံတွေကြောင့် ပုရိသတွေရဲ့ အားပေးမှုတွေကို ရရွိထားသူကေတာ့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။

သင်ဇာက ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ များစွာရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။သင်ဇာရဲ့ ဘော်ဒီလေးကလည်း မိန်းကလေးချင်းတောင် အားကျငေးမောနေရတာပါ ။

လတ်တလောမှာလည်း ကြော်ငြာလေးတွေ လက်မလည်အောင် ရိုက်ကူးနေရတဲ့ သင္ဇာကေတာ့ သူမရဲ႕ အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေ သိရှိနိုင်အောင် အမြဲတင်ဆက်ပေးနေသူလည်း ဖြစ်ပါတယ်။

အားလပ်ချိန်များမှာလည်း ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ လုပ်လေ့ရှိသူတစ်ယောက်ပါ ။ယခုအခါမှာတော့ ခပ်မိုက်မိုက် Halloween ဖက်ရှင် အကြမ်းစားတွေနဲ့ ပရိသတ်တွေကို ကြွေစေပြန်ပါတယ် ။

ဒါကတော့ လတ်တလော လူငယ်တွေ ကြားမှာ ခေတ်စားနေတဲ့ Squid Game ထဲက ပုံရိပ်အချို့နဲ့ အနည်းငယ်ပေါင်းစပ်ကာ အမိုက်စား ဖန်တီး ရိုက်ကူးထားတဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ် ။ ပရိသတ်ကြီးအတွက် သင်ဇာရဲ့ ဖက်ရှင့် အလန်းတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *