အင်းစိန်ထောင်ထဲမှာ အတူဆုံတွေ့ခဲ့ရတဲ့ ပရိတ်သတ်တစ်ဦးကို ဘာမှပေးစရာမရှိလို့ တရားစာအုပ်လေး လက်ဆောင်ပေးလိုက်တဲ့ ပိုင်တံခွန်

ပရိသတ်တွေရဲ့အချစ်တွေကိုအပြည့်အဝရရှိထားတဲ့ပိုင်တံခွန်ကတော့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးပြည်သူတွေနဲ့အတူအစွမ်းကုန်ကြိုးစားပေးခဲ့တဲ့လေးစားစရာအနုပညာရှင်တစ်ဦးပါ။

လက်ရှိမှာအမှန်တရားဘက်ကနေရပ်တည်ပြီးလူထုလှုပ်ရှားမှုတွေမှာတက်ကြွစွာပါဝင်ခဲ့တာကြောင့်ဖမ်းဆီးထိန်းသိမ်းခံရကာ(၅၀၅က)ဖြင့်အမှုစွဲဆိုခံထားရတာပါ။

ယခုမှာတော့အင်းစိန်ထောင်ထဲကနေပြန်လည်လွတ်မြောက်လာသူပြည်သူတစ်ဦးကပိုင်တံခွန်နဲ့တွေ့ဆုံခဲ့ရတဲ့အမှတ်တရလေးကိုအားရဝမ်းသာစွာပြောပြလာသလိုရလာခဲ့လက်ဆောင်လေးပါဖော်ပြလာတာတွေ့ရပါတယ်။

အဆိုပါပြည်သူတစ်ဦးဟာPaing Takhon Fan Page ရဲ့Adminဖြစ်ပြီးအကျဉ်းကျနေစဉ်ကပိုင်တံခွန်နဲ့ဘေးချင်းကပ်အခန်းအတူတူနေခဲ့ရတယ်လို့သိရပါတယ်။

နောက်ပိုင်းမှာပိုင်တံခွန်နဲ့တွေ့ဆုံခဲ့ရပြီးသူ့ဆီကနေတကယ့်ကိုအမှတ်ရစေမယ့်လက်ဆောင်လေးကိုရခဲ့ပါတယ်။

အဲ့တာတွေကတော့ပိုင်တံခွန်ရဲ့လက်မှတ်ပါတဲ့တရားစာအုပ်လေးကိုရရှိခဲ့တာပါ။ဒါ့အပြင်ယခုအပြင်ရောက်လာတဲ့အထိပိုင်တံခွန်ဟာကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းပါပြောပြထားတာတွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *