သရုပ်ဆောင် ရတနာခင် ရောဂါဆိုးတစ်ခုကြောင့် အရေးပေါ် ဆေးရုံတက်ပြီး ခွဲစိတ်ကုသမှု ခံယူလိုက်ရ

ဝေဒနာဆိုးတခုကြောင့် အရေးပေါ်ဆေးရုံတက်ပြီး ခွဲစိတ်ကုသမှု ခံယူလိုက်ရတဲ့ သရုပ်ဆောင် ရတနာခင်သရုပ်ဆောင် ရတနာခင်က ကျောက်ကပ်ဆီးသွားတဲ့ လ မ်းကြောင်းမှာ ရောဂါဖြစ်နေတာကြောင့်

ဆေးရုံတက်ပြီးကုသမှုခံယူကာ အခုဆိုရင်တော့ ဆေးရုံကနေဆင်းပြီး အနားယူနေတယ်လို့ သူမ ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားထားပါတယ်။ “ အခုတော့ဆေးရုံကဆင်းရပါပြီ

အရမ်းနာကျင်တဲ့ဝေဒနာကိုခံစားနေရလို့ ဘယ်သူ့ကိုမှလဲ စကားကောင်းကောင်းမပြောနိုင် စာလည်းမပြန်နိုင်ခဲ့ တာ ခွင့်လွှတ် နားလည်ပေးကြပါ၊ ကျောက်ကပ်ကနေဆီးအိမ်သွားတဲ့ လမ်းကြောင်းမှာကျောက်က ပိတ်နေပြီး အရမ်းနာအရမ်းအောင့်လို့ ခွဲစိတ်ကုသခဲ့ပါပြီ

ကျောက်ကလည်းကြီးနေတယ် လို့ပြောပါတယ်၊ ရေသောက်နည်းလွန်းတာရယ်ကျောက်ကပ်ထိခိုက်မယ့်ဟာတွေစားတတ်တဲ့အကျိုးကျေးဇူးတွေပေါ့ ၊ခန္ဓာရှိရင ဝေဒနာရှိစမြဲပါ” လို့ရေး သားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *