နန်းဆန်တဲ့အလှတရားနဲ့ စာဖွဲ့လို့မမှီနိုင်လောက်အောင် ကျက်သရေရှိစွာလှပနေတဲ့ အိချောပို

ပရိသတ်ကြီးရေ အိချောပိုကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရု ပ်ဆောင် မင်းသမီးချောလေးတစ်ယောက်ပါ။

အိချောပိုကတော့ မိန်ကလေးတိုင်းလိုလို လိုချင်တဲ့ ပြေပြစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုပါရရှိထားပါသေးတယ်။

လတ်တလောကပ်ဘေးတွေကြောင့် အနုပညာလှုပ်ရှားမှုတွေရပ်နားထားရချိန်မှာ အိချောပိုက ပရိသတ်တွေနဲ့အဆက်မပြတ်သွားရလေအောင် သူ့ရဲ့ပုံလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလေ့ရှိပါတယ်။

အခုတစ်ခေါက်မှာလည်း ရွှေအိုရောင် သတိုးသမီးဝတ်စုံလေးနဲ့ နန်းဆန်လွန်းလှစွာလှပနေတဲ့ပုံလေးတွေကို အိချောပိုက မျှဝေဖော်ပြလာခဲ့ပါတယ်။

ပရိသတ်တွေကတော့ သတိုးသမီးဝတ်စုံလေးနဲ့ မြန်မာဆန်ဆန်အလှကြီးလှနေတဲ့ အိချောပိုရဲ့အခါခါပြန်ကြည့်ရလောက်အောင်လှပနေမှုကြီးကို ချီးကျူးနေခဲ့ကြပါသေးတယ်။

ပရိသတ်ကြီးရေ အိချောပိုကလည်း တကယ်ကိုပဲ ဒီပုံလေးတွေထဲမှာတော့ စာဖွဲ့လို့မမှီနိုင်လောက်အောင်ကို လှပနေခဲ့တာပါ။ အိချောပိုရဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက်လည်း မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *