ခြေတုစက်ရုံလေး ဆောက်လုပ်နေပြီ ဖြစ်ကြောင်း လက်ရှိ အခြေအနေလေးကို ပီတိဖြစ်စွာ ပြသလာတဲ့ ခိုင်နှင်းဝေ

ပရဟိတအလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက မိဘမဲ့ဂေဟာကိုလည်း ဦးစီးနေတဲ့အပြင် လတ် လောပြည်သူတွေကြုံတွေ့နေရတဲ့ အောက်ဆီဂျင်အခက်အခဲတွေ၊ စားဝတ်နေရေးအခက်အခဲနဲ့ ရေဘေးသင့်အခက်အခဲတွေကိုပါ စိတ်အားတက်ကြွစွာနဲ့ပါဝင် ကူညီပေးနေတာကို တွေ့ရပါတယ်။

ခိုင်နှင်းဝေက ပရဟိတအလုပ်တွေကို တတ်နိုင်သရွေ့ လုပ်ကိုင်နေသူဖြစ်ကာ သူမရဲ့ပရဟိတ အဖွဲ့အစည်းကိုလည်း အလှူငွေ လာရောက်လှူဒါန်းကြတဲ့ သူတွေလည်း အများအပြားရှိပါတ ယ်။

အခုလည်း မသန်စွမ်းသူတွေ အတွက် ခြေတုများ လှူဒါန်းနိုင်ရန် ခြေတု စက်ရုံကို တည်ဆောက်နေပြီး ဖြစ်ကြောင်းပြောပြလာပါတယ် ။

” တောင်ဒဂုံ (၁၀၅) ရပ်ကွက် မှ ခြေတု စက်ရုံလေး ဆောက် လုပ်မှု အခြေနေလေးပါ..မြေကွက် အလှူရှင် မိသားစု၊ အဘက်ဘက်မှ ဝိုင်းဝန်း ကူညီပေးကြတဲ့ ရပ်ကွက် ပတ်ဝန်းကျင်မှ လူများနှင့် တာဝန်ရှိလူကြီးများ၊ခုနှစ်ရက် သားသမီး အလှူရှင်များ အားလုံးကိုလဲ ကျေးဇူးတင်ရင်း အားလုံးပဲ ထပ်တူ ထပ်မျှ

ကုသိုလ်ရရှိဘို့ ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ရန် ဒီနေရာလေးကို အသုံးပြုသွားပါမယ်ရှင်…..” ဆိုပြီး လက်ရှိ အခြေ အနေကို ပြောပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *