ဇနီးဖြစ်သူဆုံးပါးသွားသော်လည်း သားသမီး၈ယောက်လုံးကို လိုလေသေးမရှိအောင်ထားပြီး ပြုစုပျိုးထောင်ပေးနေသော လေးစားဖွယ်ရာ ဖခင်တစ်ဦး

ဗီယက်နမ်နိုင်ငံ Hung Yenပြည်နယ် My Haoခရိုင်တွင် နေထိုင်သော အသက်၅၄နှစ်အရွယ် ကြင်ဖော်မဲ့ဖခင်တစ်ဦးသည် ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၈ယောက်အား ပိုင်ဆိုင်ထားခဲ့သည်။

သူတို့ဇနီးမောင်နှံသည် သားသမီးတွေကို ရတနာတစ်ပါးအဖြစ်မှတ်ယူကာ တားဆီးခြင်းမျိုးမရှိသည့်အတွက် ၉ယောက်မွေးဖွားချိန်မှာတော့ ကံမကောင်းစွာပဲ ဇနီးဖြစ်သူမှာကလေးငယ်နှင့်အတူ ဆုံးပါးသွားခဲ့သည်။

ထိုအချိန်တွင် ကြင်ဖော်မဲ့ဖြစ်သွားသော ဖခင်ဖြစ်သူသည် သားသမီး ၈ယောက်လုံးဧ။် ကိစ္စအဝဝတို့ကို တစ်ယောက်တည်း ဖြေရှင်းခဲ့ရခြင်းဖြင့် ပင်ပန်းလွန်းသည့်အတွက် တစ်ခါတစ်ရံ ဇနီးဖြစ်သူနောက်ကို လိုက်ပါသွားခဲ့ချင်သည့်အတွေးမျိုး ဝင်ခဲ့သည်။

သို့သော်လည်း သားသမီး ၈ယောက်မှာ လိမ်မ္မာရေးခြားရှိပြီး ဖခင်ဖြစ်သူရဲ့စကားတစ်ခွန်းဆို တစ်ခွန်းနာခံတတ်ကာ သနားစရာကောင်းလွန်းသည့်အတွက် နောက်အိမ်ထောင်လည်းမပြုခဲ့ပဲ အဆင်ပြေအောင် ကြိုးစားရုန်းကန်ခဲ့သည်။

ဖခင်ဖြစ်သူသည် နေ့စဥ် သားသမီးတွေအတွက် မနက်အစောထကာ ချက်ပြုတ်ပြင်ဆင်ရပြီး အဝတ်အစားများကိုလည်း မိခင်ပမာ ပုံမှန်လျှော်ဖွတ်ပေးခဲ့ပြီး အခြားသူများမှ ကူညီသည့်အနေနှင့်ဝန်ပေါ့အောင် တောင်းမွေးစားခဲ့သော်လည်း ဖခင်ဖြစ်သူသည် သူ့ရဲ့သားသမီးတွေကို တကွဲတပြားမဖြစ်စေလို၍ ငြင်းဆန်ခဲ့ခြင်းဖြင့် လေးစားဖွယ်ချီးကျူးစရာ ကောင်းလှသည်။

Leave a Reply

Your email address will not be published. Required fields are marked *