ပိုက်ဆံပန်းစည်းအစား ကောင်မလေးအတွက် “ဝက်သားပန်းစည်း” ပြုလုပ်ပြီး လက်ဆောင်ပေးခဲ့တဲ့ လူငယ်လေး

ပန်းစည်းပေးခြင်းက ချစ်ရသူအတွက် ပြုလုပ်ပေးတဲ့ အရာတစ်ခုဖြစ်ပါတယ် ။ ဒါပေမဲ့ Naek Chukchuk ဆိုတဲ့ လူငယ်လေးတစ်ယောက်ကတော့ ဝက်သားကင်ပြုလုပ်ရန် ကိရိယာနဲ့ ပါဝင်ပစ္စည်းများကို ပန်းစည်းပြုလုပ်ခြင်းဖြင့် ချစ်သူကောင်မလေးကို လက်ဆောင်ပေးခဲ့ပါတယ် ။

ထိုဆန်းသစ်တီထွင်မှုကို “ဝက်သားပန်းစည်း” လိုခေါ်ပြီး ထိုလူငယ်လေးရဲ့ ချစ်သူက အစားကြီးတဲ့သူဆိုတာ သေချာပါတယ် ။

အဆိုပါလူငယ်လေးက “ဒီပန်းစည်းက ဇနီးသည်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဖြစ်နိုင်ခြေအရှိဆုံးလို့ ထင်ပါတယ်။

ဝက်သားကင် ပန်းစည်း၊ လှပတဲ့ အစင်းကြောင်းအသားတွေ၊ အသီးအရွက်တွေနဲ့ ဇနီးကို ကျွေးဖို့ အဆင်သင့်ပါပဲ။ ” လို့ postမှာ ဖော်ပြထားပါတယ် ။ အဆိုပါအကြံက ထက်မြက်လွန်းပါတယ် ။

အင်တာနက်သုံးစွဲသူအများအပြားက ကြည့်ရှုရန် သူငယ်ချင်းများကို tag တွဲထားပြီး အဆိုပါဝက်သားပန်းစည်းများဖြင့် surprise လုပ်ပေးရန် တောင်းဆိုကြပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *