ကိုယ်ပိုင်စီးပွားရေးမို့ မျက်နှာမငယ်ရဘဲ တစ်လဝင်ငွေ သိန်း(၄၀၀) ကျော်ရှိနေပြီဆိုတဲ့အကြောင်း ပြောပြလာတဲ့ နွေးနွေးချစ်ဖွယ်

ကိုယ်ပိုင်စီးပွားရေးမို့မျက်နှာမငယ်ရဘဲတစ်လဝင်ငွေ သိန်း(၄၀၀)ကျော်ရှိနေပြီဆိုတဲ့အကြောင်းပြောပြလာတဲ့ နွေးနွေးချစ်ဖွယ်

လူရွှင်တော်သရုပ်ဆောင်ဦးချစ်ဖွယ်ရဲ့သမီးဖြစ်တဲ့နွေးနွေးချစ်ဖွယ်ကတော့ခေတ်လူငယ်တစ်ယောက်ဖြစ်ပြီးစီးပွားရေးကိုဦးဆောင်လုပ်ကိုင်နေသူပါ။လက်ရှိမှာနွေးနွေးချစ်ဖွယ်ကလိုင်းပေါ်ကစျေးရောင်းနေပြီး ကိုယ်ပိုင်စီးပွားရေးဖို့မျက်နှာမငယ်ရဘဲတစ်လတစ်လဝင်ငွေများစွာရှိတယ်လို့အခုလိုပြောပြလာပါတယ်။

တစ်လတစ်လ ဘယ်လောက်ရောင်းရလဲမမေးနဲ့ ၁လ တစ်လ သိန်း၂၅၀ ကျော် ၄၀၀ ကြားမှရောင်းရတယ်။ပုံက ဂျာကြီးနဲ့ငွေလက်ခံတဲ့ ဦးလေးအကောင့်နှစ်ခုနွေးအကောင့်ကလျှို့ဝှက်ချက်နော်မပြတော့ဘူး။ဒါတောင် KBZ တခုပဲ ရှိသေးတာနော် ကျန်တဲ့အကောင့်တွေမပါသေးဘူး

ကိုယ်ပိုင်စီးပွါးရေး သူများအလုပ်မဟုတ်လို့ မျက်နှာမငယ်ရဘူး ။ပြောချင်တာက ရွှေးချယ်မူ မှန်ကန်ခဲ့တယ် အရည်သွေးကောင်းတဲ့brand နဲ့ လက်တွဲ ခဲ့မိတယ် စိတ်စေသနာကောင်းတဲ့brand ပိုင်ရှင်ဖွေး နဲ့ သူအလိုလိုရေစက်ဆုံခဲ့တယ်။

ဘာသာရေးတန်ခိုးအားကြောင့် အေးချမ်းတယ် အေးချမ်းတော့ စိတ်ကြည်တယ် စိတ်ကြည်တော့ ညာဏ်ထက်တယ် ညာဏ်ထက်တော့ဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့တယ် အဲတာကြောင့် ဘာသာရေးကိုအားစိုက်စေချင်တယ် ဘာပဲလုပ်လုပ် စေသနာထားပြီး လုပ်ပါ စေတနာမှန်ရင်အကျိုးပေးသန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *