ပြေတီဦးရဲ့ ကလေးဘ၀က အမှတ်တရ‌ လေးတွေကို ပြောပြလာတဲ့ ညီမဖြစ်သူ ငွေတီဦး

ပြေတီဦးရဲ့ ကလေးဘ၀က အမှတ်တရ‌ လေးတွေကို ပြောပြလာတဲ့ ညီမဖြစ်သူ ငွေတီဦး

သရုပ်ဆောင်ပြေတီဦးကတော့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့အတူပရိတ်သတ်တွေကိုအပြည့်အဝဖမ်းစားထားတဲ့သရုပ် ဆောင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်၊ဖေဖော်ဝါရီလကတည်းကစခဲ့တဲ့လူထုလှုပ်ရှားမှုတွေမှာလဲပြည်သူတွေနဲ့အတူအင်တိုက် အားတိုက်ပါဝင်ခဲ့တာကြောင့်၅၀၅ကနဲ့အမှူဖွင့်ဖမ်းဆီးအရေး ယူထားခြင်းခံရပါတယ်။

သရုပ်ဆောင်ပြေတီဦးကတော့လက်ရှိအင်းစိန်ထောင်ထဲမှာရောက်ရှိနေတာဖြစ်ပါတယ်၊ပြေတီဦးရဲ့မိဘများဟာအသက် အရွယ်ကြီးမြင့်နေပြီ ဖြစ်တာကြောင့်သားအတွက်စိတ်ပူနေကြတာလည်းဖြစ်ပါတယ်မနေ့ကအူဝဲလွတ်လာပြီဆိုပြီးသတင်း တွေထွက်ခဲ့ပေမယ့်ကောလဟာလတွေသာဖြစ်တယ်လို့လည်းမိသားစုဝင်များမှပြန်ဖြေရှင်းထားပါတယ်။

ပြေတီဦးမှာအကြီးဆုံးအစ်မဆွီတီဦးနဲ့အငယ်ဆုံးညီမလေးငွေတီဦးဆိုပြီးရှိပါသေးတယ်ငွေတီဦးကတော့ပြေတီဦးရဲ့ကလေးဘဝကအမှတ်တရတစ်ခုကိုပြောပြလာပါတယ်၊သူတို့ငယ်ငယ်တုန်းကမောင်နှမနှစ်ယောက်အရမ်းချစ်ခဲ့ကြတာကိုလည်းပြောပြထားပါသေးတယ်။

ငယ်ငယ်တုန်းကသူဆုယူရင်ဘေးကလိုက်ပီးသူရတဲ့ဆုတွေလိုက်သယ်ရတယ်ကြီးတော့သူ့ကိုပေးတဲ့ပန်းတွေလိုက်သယ်ရပြန်ရောမေမေတစ်လတစ်ခါရန်ကုန်သွားရင်မေမေ့ကိုလွမ်းရင်းမောင်နှမနှစ်ယောက်တည်းကျန်ခဲ့တဲ့အချိန်တွေကိုသတိရမိတယ်၊

အဲ့တုန်းကကိုယ်ကသူ ငယ်တန်းတောင်မရောက်သေးတဲ့လက် ဖက်မစားကွမ်းမစားအပျော်တက်တုန်းဆရာကြီးရယ်ကိုကြီးမျက်နှာလေးကြည့် ပါရစေဆိုပြီးသူ့အတန်းကိုသွားချောင်းခဲ့ရဘူးတယ်သူကလည်း မေမေ့ကိုလွမ်းလို့မျက်ရည်တွေတွေကျတော့ဆရာမကဘာဖြစ်လို့လဲမေးတာပေါ့မေမေ့ကိုလွမ်းလို့ဆိုတော့

မေမေသွားတာညီမလေးရောပါလားဆိုပြီးဆရာမကသူ့ကိုမေးတယ်ဟင့် အင်းညီမလေးလည်းမပါဘူးဆိုတော့ညီမလေးကိုတောင်ထားခဲ့တာမင်းကငိုနေစရာလားဆိုပီး ဇာတ်ပိုးကိုရိုက်လိုက်တာနှဖူးနဲ့ခုံစောင်းနဲ့ရိုက်မိလို့ဒဏ်ရာရပါရောဒဏ်ရာနဲ့ပြန်လာတဲ့သားကိုမြင်ပြီးဖေဖေကဒေါသထွက်ရောပေါ့ဒီလောက်တောင်လုပ်ရလားဆိုပီးဆရာမကိုစိတ်တိုတာပါဘာရယ်မဟုတ်ဘူးမန်မိုရီပြန်တက်လာတော့ငယ်ငယ်တုန်းကအကြောင်းတွေခေါင်းထဲပြန်ရောက်လာလို့ဆိုပြီးငွေတီဦးမှရေးထားပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *