မွေးနေ့ပွဲကျင်းပဖို့အတွက် မိခင်ပေးထားတဲ့ သိန်း 100 ကို ဆင်းရဲနွမ်းပါးတဲ့လူတွေအတွက် ဆိုင်ကယ်ဝယ်ပေးဖို့ လှူဒါန်းခဲ့လိုက်တဲ့ ကောင်မလေး

လူများစွာအတွက် ဒေါင် သန်း 100 က ကြီးမားတဲ့ ပမာဏဖြစ်သော်လည်း Tuong Vi ဆိုတဲ့ မိန်းကလေးအတွက် သူမက သူမရဲ့ မွေးနေ့ကို ပိုမိုအဓိပ္ပာယ်ရှိစေရန် ဆိုင်ကယ်တစ်စီးဝယ်ပေးခြင်းဖြင့် လိုအပ်နေသူများကို မျှဝေပေးစေလိုပါတယ် ။ အဆိုပါ Nguyen Tuong Vi က မွေးနေ့ပါတီကျင်းပရန် မိခင်ဖြစ်သူမှ VND သန်း 100 ကျော် ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ် ။

ဒါပေမဲ့ Tuong Vi က သူမရဲ့ မွေးနေ့ကို ကြီးကြီးကျယ်ကျယ် မကျင်းပချင်တဲ့အပြင် အထူးသဖြင့် ကပ်ရောဂါကာလအတွင်း အခက်အခဲများ ရှိနေသေးပါတယ် ။ ထို့ကြောင့် သူမက ဟိုချီမင်းမြို့မှ အခက်ကြုံနေသူများကိုမော်တော်ဆိုင်ကယ် ၅ စီးလှူဒါန်းရန်အတွက် စေတနာ့ဝန်ထမ်းအဖွဲ့နဲ့ ပူးပေါင်းကာ မိခင်ထံမှ ပိုက်ဆံကို အသုံးပြုခဲ့ပါတယ် ။

Tuong Vi ရဲ့ လက်ဆောင်များကို လက်ခံရရှိတဲ့ ကံကောင်းသူများက အလွန်ထိမိပြီး ပျော်ရွှင်ခဲ့ကြပါတယ် ။ Tuong Vi လှူဒါန်းခဲ့တဲ့ လူတွေထဲ မိန်းကလေးတစ်ယောက်ဟာ မိသားစုကို ထောက်ပံ့ဖို့အတွက် အရက်ဆိုင်မှာ စားပွဲထိုးလုပ်ဖို့အတွက် နေ့တိုင်း ၁၀ ကီလိုမီတာနီးပါး လမ်းလျှောက်ပါတယ် ။

သူမရဲ့လစာက မတည်မငြိမ်ဖြစ်နေပေမယ့် သူမရဲ့အဖေကို ထောက်ပံ့နေတုန်းပါပဲ ။ Tuong Vi လှူဒါန်းခဲ့တဲ့ မော်တော်ဆိုင်ကယ်ကို စီးရတာ သူမအရမ်းပျော်ပြီး ဒီလက်ဆောင်ကြောင့် ဘဝမှာ ယုံကြည်မှု ပိုရှိလာဖို့ တွန်းအားတွေ ပိုရလာတယ်လို့ ရင်ဖွင့်ခဲ့ပါတယ် ။

Tuong Vi သည် ဆင်းရဲနွမ်းပါးသူများကို ဆိုင်ကယ်များ လှူဒါန်းခြင်းသည် ပထမဆုံးအကြိမ် မဟုတ်သေးပါဘူး ။ Tuong Vi က အလှကုန်ကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်ဖြစ်ပြီး အသက် 18 နှစ်အရွယ်ကတည်းက လုပ်ငန်းအတွေ့အကြုံရှိပြီး အောင်မြင်မှုများစွာရရှိထားသူဖြစ်ကြောင်း သိရှိရပါတယ် ။

သူ့မိဘတွေက အိမ်ခြံမြေလုပ်ငန်းရှင်တွေမို့ မိသားစုလည်း ချမ်းသာပါတယ် ။ ထို့ကြောင့် Vi က ဆင်းရဲနွမ်းပါးသူများကို ကူညီရန် မွေးနေ့ပါတီတွက် ပေါင်း သန်း 100 ကို အသုံးပြုပြီး သူမရဲ့ မိသားစုက အခိုင်အမာ ပံ့ပိုးထားပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *