အပြင်ထွက်ရင်း ချစ်စရာကောင်းတဲ့ ပုံလေးတွေတင်ပေးလိုက်တဲ့ သဇင်ထူးမြင့်

အပြင်ထွက်ရင်း ချစ်စရာကောင်းတဲ့ ပုံလေးတွေတင်ပေးလိုက်တဲ့ သဇင်ထူးမြင့်

ပရိသတ်အချစ်တော်လေး သဇင်ထူးမြင့်ကတော့ ဖခင်ဖြစ်သူ ခင်လှိုင်ရဲ့ အနုပညာအမွေတွေကို အပြည့်အဝဆက်ခံရရှိထားသူတစ်ဦးပဲ ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်ဝန်းရံအားပေးမှုတွေကိုလည်း အခိုင်အမာရရှိထားသူလေးဖြစ်ပါတယ်။

အာဏာသိမ်းမှုစတင်ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ပေးခဲ့တဲ့ ဟာသသရုပ်ဆောင်၊ ဒါရိုက်တာခင်လှိုင်တို့မိသားစုဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေရပြီး မိသားစုတွေ တကွဲတပြားဖြစ်နေဆဲပါပဲ။

ဒီလိုတိမ်းရှောင်နေရတဲ့ အကျပ်အတည်းကာလတွေမှာတောင် သူတို့ထက်ပိုပြီးခက်ခဲတဲ့ ပြည်သူတွေရဲ့ဘဝကိုစာနာပြီးမကြာခဏဆိုသလို အာဟာရဒါနတွေလုပ်လေ့ရှိပါတယ်။

မကြာသေးမီကစစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့အမှုရိုတ်သိမ်းပေးတဲ့အထဲမှာသဇင်ထူးမြင့်လည်းပါဝင်ခဲ့ပါတယ်။

မကြာခင်ရက်ပိုင်းတုန်းကတော့ ယွန်းယွန်းကလည်း သူငယ်ချင်းဖြစ်သူသဇင်ထူးမြင့်နဲ့(၈)လကြာပြီးမှပြန်တွေ့ရလို့ အရမ်းဝမ်းသာနေတဲ့အကြောင်းသူမရဲ့ IG မှာမျှဝေထားတာဖြစ်ပါတယ်။

ဒီနေ့လေးမှာတော့ သဇင်ထူးမြင့်က အပြင်ကိုထွက်ပြီး သူငယ်ချင်တွေနဲ့ မုန့်ထွက်စားနေတဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကိုတင်ပေးလာတာ ဖြစ်ပါတယ်. စာဖတ်ပရိသတ်ကြီးလည်း သဲလေးမိသားစုကိုအရင်ကထက်ပိုပြီးအားပေးကြပါအုံးနော်…

Leave a Reply

Your email address will not be published. Required fields are marked *