အခက်ခဲကြားထဲမှ သားအတွက်ဖြည့်ဆီးပေးခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာကို ဖွင့်ဟလာခဲ့တဲ့ ဒါရိုက်တာဇင်ယော်မောင်မောင်

အခက်ခဲကြားထဲမှ သားအတွက်ဖြည့်ဆီးပေးခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာကို ဖွင့်ဟလာခဲ့တဲ့ ဒါရိုက်တာဇင်ယော်မောင်မောင်


ဇင်ယော်မောင်မောင်ကတော့အနုပညာလောကမှာဇာတ်လမ်းဒါရိုက်တာတစ်ယောက်အဖြစ်ရပ်တည်နေသူပေါ့။အနုပညာအကယ်ဒမီဆုများစွာလဲရရှိခဲ့သူပေါ့။သူရဲ့ရုပ်ရှင်ဇာတ်လမ်းတွေကသူ့ခေတ်သူခါမှာအရမ်းအောင်မြင်ခဲ့ပါတယ်။

ဦးဇင်းယော်မောင်မောင်ရဲ့ဇနီးဖြစ်သူကတော့ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့အကယ်ဒမီမေသန်းနုပဲဖစ်ပါတယ်။အိမ်ထော င်ရေးအဆင်မပြေပေမယ့်သူတို့ရဲ့သားလေးအတွက်အမြဲကြည့်ပြီးသားအတွက်လိုအပ်တာအကုန်ဖြည့်ဆီးပေးခဲ့ကြပါတယ်။

ဇင်ယော်မောင်မောင်ကသားကိုမျက်နှာအညှိုးငယ်ရအောင်အဘက်ဘက်ကနေဖြည့်ဆီးပေးခဲ့ပါတယ် ၊”မိဘဟူသည်ကိုယ့်ရဲ့သားသမီးများကိုချစ်ခင်မြတ်နိူးကြသည်။အလွန်ဂရုစိုက်ကြသည်။ကျွေးမွေးစောင့်ရှောက်ကြသည်။ပညာသင်ပေးသည်။အောင်မြင်တဲ့လမ်းကြောင်းပေါ်ကိုရောက်စေလိုသည်မှာဓမ္မတာပါ။

ကျွန်တော်သည်လည်းမိဘများထဲကမိဘတစ်ဦးဖြစ်ပါသည်။ကျွန်တော့်သားလေးကိုမွေးကထဲကယနေ့အထိလိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်ခဲ့တယ်။ပညာသင်ပေးခဲ့တယ်။ကိုရင်ဝတ်ပေးတယ်။ရဟန်းဝတ်ပေးတယ်။မွေးနေ့တွေကျင်းပပေးခဲ့တယ်။ရှိစုမဲ့စုလေးတွေထုခွဲရောင်းချပြီးပညာတော်သင်လွှတ်တယ်။”

“မိမိ၏ရင်သွေးကိုချစ်ခင်သောဖခင်တစ်ယောက်အနေနဲ့ဖြစ်လိုသည့်ဆန္ဒဖြစ်ချင်သည့်ဆန္ဒအတင်းအားထည့်ကြိုးစားခဲ့ရသည်မှာပင်ပန်းလှပြီဖြစ်သည် ။မောပန်းလှပြီဖြစ်သည်။သို့သော်လှော်ခတ်နေဆဲရှင်သန်နေဆဲရုံးကန်နေဆဲပါ။မိဘတို့၏သားသမီးတို့အပေါ်ထားရှိသည့်ချစ်ခြင်းမေတ္တာတရားဆိုတဲ့ခွန် အားနဲ့ဆောင်ရွက်နေဆဲပါ။

အမှားတွလည်းရှိမယ်။အမှန်တွေလဲရှိမယ်။သို့သော်သားသမီးကိုချစ်ခင်သောမိဘများ၏လုပ်ဆောင်ချက်များကိုနားလည်ဂရုဏာထားသဘောပေါက်မည်ဆိုလျှင်လှော်ခတ်ရကျိုးနပ်ပါတယ်ကြိုးစားရကျိုးနပ်ပါတယ်။”ဆိုပြီးသားအပေါ်ထားရှိတဲ့သူရဲ့မေတ္တာကိုပြောပြလာခဲ့ပါတယ်။ဖတ်ရှု့ခဲ့လို့ကျေးဇူးပါ။

Leave a Reply

Your email address will not be published. Required fields are marked *