အင်္ဂလန် ဘုရင်မကြီး ချီးမြှင့်တဲ့ Life Honorary Award Equity ဆုကြီးကို အာရှတိုက်သားတွေထဲမှာ ပထမဆုံးပုဂ္ဂိုလ်အဖြစ် ရရှိခဲ့တဲ့ လူရွှင်တော် ဦးဇာဂနာ

အင်္ဂလန်ဘုရင်မကြီး ချီးမြှင့်တဲ့” Life Honorary Award Equity ဆုကြီးကို ရရှိခဲ့တဲ့ အာရှတိုက်သားတွေထဲမှာ ပထမဆုံးပုဂ္ဂိုလ်အဖြစ် လူရွှင်တော် ဦးဇာဂနာ

အနုပညာဉာဏ်ကြွယ်ဝတဲ့ လူရွှင်တော် ဦးဇာဂနာအတွက် ဂုဏ်ယူလေးစားစရာ သတင်းကောင်းလေး တစ်ခုကို ဒီကနေ့မှာ ကြားသိရပါတယ်။ ဒါကတော့ ရှေ့ဆယ်စုနီးပါးလောက်ကတည်းက အနုပညာနယ်ပယ်အသီးသီးမှာကျင်လည်ခဲ့တဲ့

ပြည်သူချစ် လူရွှင်တော် ဦးဇာဂနာဟာ နိုဝင်ဘာ(၃)ရက်နေ့က အင်္ဂလန်ဘုရင်မကြီးက ပေးအပ်ချီးမြှင့်တဲ့” Life Honorary Award Equity “ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုဟာ အာရှတိုက်သားတွေထဲမှာ ဦးဇာဂနာက ပထမဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်းလည်း သတင်းကြားသိရပါတယ်။

ယခုလို အင်္ဂလန်ဘုရင်မကြီးကတောင်” Life Honorary Award Equity “ဆုကို ပေးအပ်ခြင်းခံရတဲ့ ဦးဇာဂနာ အတွက် ချစ်တဲ့ပရိသတ်တွေအပြင် အနုပညာ မောင်နုမတွေကပါ လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။

ဦးဇာဂနာ ဟာ (၁၉၈၈) ခုနှစ် အရေးတော်ပုံကာလကစလို့ယခု (၂၀၂၁) ခုနှစ်အထိ နိုင်ငံရေး တက်ကြွစွာလှုပ်ရှားခဲ့တာကြောင့် (၅)ကြိမ်အထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပါ။

လက်ရှိဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေး ကာလမှာလည်း ပြည်သူတွေနဲ့အတူ အပြည့်အဝ ရပ်တည်ပေးခဲ့တာကြောင့်ဧပြီလလောက်မှာ ဖမ်းဆီးခံခဲ့ရပြီး (၆) လကျော်လောက် အကျဉ်းထောင်မှာ နေခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကမှ ဦးဇာဂနာဟာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်လာခဲ့ပါတယ်။ ယနေ့မှာတော့ ဦးဇာဂနာရဲ့ သတင်းကောင်းလေးကို ကြားသိရတဲ့အတွက် ပရိသတ်တွေနဲ့အတူ လွန်စွာလေးစားဂုဏ်ယူမိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *