“ငြိမ်း”ဆေးခန်း တည်ထောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အများပြည်သူကို အသိပေးလိုက်တဲ့ ပြည်သူချစ် မီးအိမ်ရှင်မလေး အငြိမ်း

ချင်းပြည်နယ်၊ မင်းတပ်ရှိ စစ်ဘေးရှောင်များကို ဆေးဝါးကုသပေးနေသည့် ပရဟိတ ဆရာဝန် ဒေါက်တာ အငြိမ်းသည်အာဏာသိမ်းချိန် မန္တလေး အပစ်အခတ်တွေ စဖြစ်စဉ်ဒဏ်ရာရလူနာများလိုက်ကောက် ဆေးကုသပေးရင်း လူသိများ လာသူတစ်ဦး ဖြစ်သည်။

ဆရာဝန်မလေး အငြိမ်းသည် ယခင်လတွင်စစ်ဘေးရှောင် ဒေသအတွက် အလှူငွေကိစ္စရပ်များနှင့်ပက်သက်ပြီး လူအများရဲ့ ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် ရက်အတော်ကြာ ပျောက်ဆုံးနေပြီးယနေ့ နိုဝင်ဘာလ ၅ရက်နေ့တွင် သူမ၏ လူမှုကွန်ရက်စာမျက်‌နှာပေါ်တွင် ပြန်ပေါ်လာကြောင်း တွေ့ရှိရပါသည်။

သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် ရေးသားချက်များ အရ” အခုတော့ ဆရာဝန်ရှားပါးတဲ့နေရာမှာ ဆေးရုံမရှိတဲ့နေရာမှာ အရေးပေါ်ခွဲခန်း ဆေးခန်းဆောက်မယ်ဆိုတဲ့အဲ့ဒီအိမ်မက်ကောင်အထည်ပေါ်နေပါပြီ ပစ္စည်းအစုံအလင်နဲ့ အရေးပေါ်ခွဲစိတ်ခန်းအပြင် ကျားမ သီးသန့်ခွဲထားတဲ့ ၁၀ ကုတင်ဆန့် လူနာဆောင်လေး ရယ်Labour room OPD room ပါ ပါသေးတယ်။

Ultrasound ရိုက်လို့ရပြီX-ray ရိုက်လို့ရပြီ … အသားဝါတဲ့ကလေးတွေ phototherapy ပြလို့ပြီEmergency, minor , major operation တော်တော်များများ ခွဲစိတ်လို့ရနေပြီ

ဒုက္ခတွေကြားမှာ ဆာလောင်မူတွေငတ်မွတ်မူတွေကြားမှာ လက်နက်ကြီးသံတွေနဲ့မနီးမဝေးမှာ ထောင်ထဲရောက်နေတဲ့ကျွန်တော့်ရဲ့မိဘ နောက် ကျွန်တော့်ရဲ့တဦးတည်းသောသမီးလေးနဲ့အဝေးမှာတဖြည်းဖြည်းရုပ်လုံးပေါ်လာတဲ့ကျွန်တော်ရဲ့ ၁၀ ကုတင်ဆန့်ဆေးရုံလေးကိုကြည့်ပြီးပြုံးတတ်နေပြီ။

လူနာတွေကို သိပ်မကြာခင် ဒီမှာ Ultrasound ရိုက်လို့ရပြီနော် X ray ရိုက်လို့ရပြီနော်လို့ ပြောရင်သူတို့က ကျွန်တော့်ကို နားမလည်သလိုကြည့်ကြတယ်။

Ultrasound ဆိုတာ ဘာလဲ သူတို့မှမသိကြတာ…ဘာပဲဖြစ်ဖြစ်ပါ ကမ္ဘာကြီးက မေ့နေတဲ့နေရာမှာ ကျွန်တော်က အိုအေစစ်တခု ဖန်တီးနိုင်တော့မှာမှတ်လား တိတိကျကျပြောရရင် တောင်တန်းတွေပေါ်က တိမ်တွေပေါ်က အိုအေစစ်လေးပေါ့ ” ဟု ရေးသားထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *