MRTV မှာ သီချင်းဆိုတဲ့အကြောင်းရင်းကို ဖြေရှင်းလာတဲ့ မမဆောင်း

MRTV မှာ သီချင်းဆိုတဲ့အကြောင်းရင်းကို ဖြေရှင်းလာတဲ့ မမဆောင်း

ပရိသတ်ကြီးရေ..အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့အပြင် စကားပြောပွင့်လင်းတာတွေကြောင့် အားလုံးက ချစ်ခင်နေကြသူကတော့ အဆိုတော်သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းပဲ ဖြစ်ပါတယ်..။

မမဆောင်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ဆောင်းအိန္ဒြေထွန်းကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာယူထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ဆောင်းအိန္ဒြေထွန်းက ဆယ်စုနီးပါးအနုပညာအလုပ်တွေ လုပ်ကိုင်ခဲ့ပြီး အောင်မြင်မှုကို ရရှိထားတာ ဖြစ်ပါတယ်။ယနေ့အချိန်ထိလည်းအနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေ များစွာအပြင် photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရတာ တွေ့ရပါတယ်။

မမဆောင်းက ပျိုမေလေးတွေအားကျစရာကောင်းတဲ့ လုံးကြီးပေါက်လှ ကိုယ်လုံးလေးအပြင် ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားကိုပိုင်ဆိုင်ထားတာကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် ဝတ်စားဆင်ယဥ်မှုမှာလည်း ဆယ်ကျော်သက်လေးတွေ အရှုံးပေးရလောက်အောင် ခေတ်နဲ့အညီ ဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။

သူမဟာ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ဂစ်တာရှိတ်လေးလို အချိုးအစားပြေပြစ်တဲ့ ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းနေတာဖြစ်ပါတယ်။

ဒါ့အပြင် အနုပညာကိုဝါသနာကြီးလွန်းတဲ့ ဆောင်းအိန္ဒြေထွန်းက အနုပညာလှုပ်ရှားမှုတွေနဲ့ ချစ်စရာ tik tok လေးတွေကို မကြာခဏဖော်ပြပေးတာတွေ့ရပါတယ်။

ယခုမှာလည်း ဆောင်းအိန္ဒြေထွန်းက MRTV မှာသီချင်းဆိုခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုပြန့်နေတာဖြစ်ပါတယ်နော်… မမဆောင်းက သီချင်းသီဆိုခဲ့သလို အားလုံးပျော်ရအောင်လည်း မြူးမြူးကြွကြွလေးဖျော်ဖြေပေးခဲ့သေးတာ ဖြစ်ပါတယ်။

အဖြူ‌ေရာင်ဖက်ရှင်လေးနဲ့ လူငယ်လေးတစ်ယောက်လိုအရမ်းလန်းနေတဲ့ မမဆောင်းကတော့ စတိုင်လ်အပြည့်နဲ့လှနေတာပဲ ဖြစ်ပါတယ် ။

မမဆောင်းရဲ့အသံလေးက နားဝင်ချိုပြီး နားထောင်လို့ကောင်းသလို သီချင်းဆိုတဲ့ပုံစံလေးကလည်း အရမ်းချစ်ဖို့ကောင်းလို့နေတာ ဖြစ်ပါတယ် ။

မမဆောင်းကတော့ စကစရဲ့ MRTVမှာသွားရောက်သီဆိုခဲ့တဲ့အတွက် ဝေဖန်မှုတွေများနေတဲ့အပေါ် အဆိုတော်နေမကောင်းလိုါ အစီစဉ်မရှိဘဲ ရုတ်တရုတ်ရိုက်ပေးလိုက်ရတာပါ အထင်မလွဲကြပါနဲ့ဆိုပြီး ဖြေရှင်းလာခဲ့ပါတယ်နော်။။

ဆောင်းအိန္ဒြေထွန်းက ခေတ်စားခဲ့တဲ့ “ဒီလို ဒီလို လှလို့ချစ်တယ်” သီချင်းလေးကို အသည်းယားစရာအမူအရာလေးတွေနဲ့ သီဆိုထားဆ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Videoလေးကလည်း အချိန်အတိုတွင်း ကြည့်ရှု့အားပေးသူများတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးလည်း တပ်ချစ်သူတွေရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ပြီးအသံကောင်းလား မကောင်းလားဆိုတာလည်း ဝေဖန်ပေးခဲ့ကြပါအုံးနော်…

Leave a Reply

Your email address will not be published. Required fields are marked *