မွေးနေ့အလှူလေးအဖြစ် လူအယောက် (၃၁၀)စာထမင်းဘူးတွေလှူဒါန်းပေးသွားမယ့် ထူးခန့်ကျော်

ပရိသတ်ကြီးရေ ထူးခန့်ကျော်ကတော့ တစ်ခေတ်တစ်ခါက ရုပ်ရှင်သရုပ်ဆောင်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိခဲ့ပြီး လက်ရှိမှာတော့ ဝေဒနာခံစားနေရတဲ့သူတွေကို သူတတ်တဲ့ပညာရပ်နဲ့ ဆေးကုသပေးနေခဲ့ပါတယ်။

ဒီနေ့ နိုဝင်ဘာလ (၆)ရက်နေ့လေးကတော့ ထူးခန့်ကျော်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

ထူးခန့်ကျော်ကတော့ ဒီနေ့မွေးနေ့ကျရောက်တဲ့ နေရက်မြတ်လေးမှာတော့ သူဆီမှာဆေးလာရောက်ကုသချင်တဲ့သူတွေကို ဘိုကင်ယူစရာမလိုဘဲ လာရောက်ဆေးကုသသမျှလူနာအားလုံးကိုဆေးကုသပေးသွားမှာပါတဲ့။

ဒါ့အပြင် လာရောက်ဆေးကုသတဲ့သူအပါအဝင် ဆေးကုသတဲ့သူနဲ့အဖော်ပါလာတဲ့ လူနာအကူများပါမကျန် အားလုံးအတွက် ထမင်းဘူး လူအယောက် (၃၁၀)စာအတွက် ပြင်ဆင်လှူဒါန်းသွားမှာပါတဲ့။

Happy Birthday ပါ ပျော်ရွှင်ဖွယ်ရာမွေးနေ့ရက်မြတ်လေးဖြစ်ပါစေ။ နောက်ထပ်လည်း လူသားအကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ပြီး သတ္တဝါတွေကို ဒီထက်မက ပိုမိုကယ်ဆယ်နိုင်ပါစေလို့ ကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ပရိသတ်ကြီးတွေလည်း ထူးခန့်ကျော်ရဲ့မွေးနေ့လေးအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *